Pages

Monday, November 5, 2012

သင်ရောဒီလိုချစ်နျိင်ပါ့မလား?

---ချစ်နိုင်ပါစေ..... အေးချမ်းတဲ့ မြို့လေးတစ်မြို့မှာ တစ်ဦးကိုတစ်ဦး အရမ်းချစ်ကြတဲ့ ချစ်သူနှစ်ဦးရှိတယ်။ သူတို့ဟာ အမြဲမခွါ တစ်တွဲတွဲပဲ နေ့တိုင်း ပင်လယ်ဘေးကို သွားပြီး နေထွက်၊ နေ၀င်ချိန်ကို သွားကြည့်ကြတယ်။ သူတို့က မြင်သူတကာ အားကျတဲ့ စုံတွဲလေးပါ။ ဒါပေမဲ့ တစ်နေ့မှာ မတော်တဆ ကားတိုက်မှုကြောင့် ကောင်မလေး အပြင်းအထန် ထိခိုက်ဒဏ်ရာ ရပြီး မေ့မျှောသွားခဲ့တယ်။ အိပ်ရာထဲမှာပဲ ငြိမ်သက်စွာ လဲလျောင်းနေရတယ်။ နေ့ဖက်ဆိုရင် ကောင်လေးက ကောင်မလေးနားမှာနေပြီး သူ့နာမည်ကို တတွတ်တွတ် ရွတ်ခေါ်တယ်။ ညဖက်ဆိုရင် ဘုရားကျောင်းသွားပြီး ကောင်မလေး ကျန်းမာလာစေဖို့ ဘုရားသခင်ထံ ဆုတောင်းတယ်။ အချိန်တွေ တဖြေးဖြေး ကုန်လွန်သွားခဲ့ပြီး ကောင်လေးခမျာ ငိုရလွန်းလို့ မျက်ရည်တွေတောင် ခမ်းလုနီးနေပြီ။ ကောင်မလေးက မေ့မျှောနေဆဲပဲ။ ဒါပေမဲ့ ကောင်လေး လက်မလျှော့ခဲ့ဘူး။ ဘုရားသခင်ထံ ဆုတောင်းမြဲ ဆုတောင်းတယ်။ ဒီလိုနဲ့ တစ်ညမှာ ဘုရားသခင်က ကောင်လေးရဲ့ မလျှော့တဲ့ ဇွဲနဲ့ ကောင်မလေးအပေါ်ထားတဲ့ မေတ္တာတရားကြောင့် သူ့အပေါ် သနားသက်ဝင်ပြီး မျှော်လင့်ချက် တစ်ခုပေးလိုက်တယ်။ ဘုရားသခင်က ကောင်လေးကို " ကောင်မလေးရဲ့ အသက်ကို ကိုယ့်ဘ၀နဲ့ လှဲလှယ်နိုင်မလား" လို့ မေးတယ်။ ကောင်လေးက တွေဝေမနေဘဲ လှဲလှယ်နိုင်ကြောင်း ချက်ချင်းပြန်ဖြေတယ်။ "ဒါဆိုကောင်းပြီ။ ကောင်မလေး အမြန်နှိုးလာဖို့ အသင် ပုစဉ်းဘ၀နဲ့ သုံးနှစ်အသွင်ပြောင်းရမယ်။ သဘောတူနိုင်လား" လို့ ဘုရားသခင်က မေးပြန်တယ်။ ကောင်လေးက မဆိုင်းမတွဘဲ သဘောတူကြောင်း ချက်ချင်း ပြန်ဖြေလိုက်တယ်။ မိုးလင်းတာနဲ့ ကောင်လေးဟာ ပုစဉ်းတစ်ကောင် အသွင်ပြောင်းသွားခဲ့တယ်။ ပုစဉ်းလေးက ဆေးရုံဖက်ကို အလျှင်အမြန် ပျံလာတယ်။ လူနာခန်းထဲ ၀င်ကြည့်တော့ ကောင်မလေးက နှိုးနေပြီး ဆရာဝန်တစ်ဦးနဲ့ စကားပြောနေတာကို တွေ့တယ်။ သူတို့ပြောနေတာတွေကို ပုစဉ်းက မကြားရဘူး။ တစ်ပတ်၊ နှစ်ပတ်နေတော့ ကောင်မလေး ကျန်းမာလာပြီး ဆေးရုံက ဆင်းခဲ့တယ်။ ဒါပေမဲ့ သူမပျော်ဘူး။ နေရာအနှံ့ ကောင်လေးကို လိုက်စုံစမ်းတယ်၊ လိုက်ရှာတယ်။ ကောင်လေး ဘယ်ပျောက်သွားမှန်း ဘယ်သူမှ မသိကြဘူး။ ကောင်လေးက ပုစဉ်းအသွင်နဲ့ ကောင်မလေးဘေးမှာ ရစ်ဝဲ ပျံသန်းနေပေမဲ့ ကောင်မလေးကို သူခေါ်လို့ မရဘူး။ ပွေ့ဖက်လို့ မရဘူး။ ကောင်မလေးကိုပဲ ငေးစိုက်ကြည့်နေခဲ့ရတယ်။ ဒီလိုနဲ့ နွေရက်တွေ တဖြေးဖြေး ကုန်လွန်ပြီး ဆောင်းဦးကို ရောက်လာခဲ့တယ်။ ဆောင်းလေညင်းတွေကြောင့် သစ်ရွက်တွေ တဖြုတ်ဖြုတ် ကြွေကုန်တယ်။ ပုစဉ်း ဒီနေရာက ခွာရတော့မယ်။ နောက်ဆုံးအကြိမ်အဖြင့် ကောင်မလေးရဲ့ ပုခုံးထက်နားကို သူအရဲစွန့်ပြီး သွားနားလိုက်တယ်။ နူးညံ့တဲ့ တောင်ပံနဲ့ ကောင်မလေးရဲ့ ပါးပြင်ကို ထိလိုက်တယ်။ သေးငယ်တဲ့ ပါးစပ်နဲ့ ကောင်မလေးရဲ့ ပုခုံးသားကို ရှိုက်နမ်းလိုက်တယ်။ ကောင်မလေး သတိမထားမိခင်မှာ သူတိတ်တဆိတ် ထပျံလာခဲ့တယ်။ မျက်စိတမှိတ်အတွင်းမှာပဲ နွေဦးရာသီကို ရောက်လာခဲ့တယ်။ နွေရောက်တာနဲ့ ချက်ချင်းပဲ ပုစဉ်းဟာ ကောင်မလေးနားကို အရောက်ပျံသန်းလာခဲ့တယ်။ ဒါပေမဲ့ သူရင်းနှီးတဲ့ ကောင်မလေးရဲ့ဘေးမှာ ခန့်ညားတဲ့ သူစိမ်းကောင်လေးတစ်ယောက်ကို သူ တွေ့လိုက်တော့ ပျံသန်းနေတဲ့ သူ့တောင်ပံတွေ လေဟာနယ် တ၀က်တပျက်မှာ အရပ်တန့်ခံလိုက်ရတယ်။ လူတွေက ကောင်မလေး ကားတိုက်ခံရတာ ဒဏ်ရာတွေ ဘယ်လောက် ပြင်းထန်ကြောင်း၊ ဒဏ်ရာတွေကို ကုသပေးတဲ့ ဆရာဝန်ဟာ ကောင်မလေးအပေါ် ဘယ်လောက် ဂရုစိုက်ကြောင်း၊ သူတို့ရဲ့ အချစ်တွေက စံတင်ထိုက်တဲ့အကြောင်း၊ ကောင်မလေး ဘ၀က အရင်လို ပျော်ရွှင်ချမ်းမြေ့ နေပြီဖြစ်တဲ့အကြောင်း ပြောသံတွေကို ပုစဉ်းကြားလိုက်ရတယ်။ ပုစဉ်း ရင်ကွဲရပြန်တယ်။ ဆရာဝန်ကောင်လေးနဲ့ ကောင်မလေး ပင်လယ်ဘေးသွားပြီး နေ၀င်၊ နေထွက်ကြည့်တာကို သူအမြဲတွေ့နေရပေမဲ့ တစ်ခါတလေ ကောင်မလေးရဲ့ ပုခုံးထက်မှာ ခဏသွားနားတာကလွဲလို့ သူဘာမှ မတတ်နိုင်ခဲ့ဘူး။ ပုစဉ်းလေးဟာ ရင်ထဲက ဝေဒနာတွေကို ကြိတ်မှိတ်ခံစားရင် ဒီနှစ်နွေဟာ ခါတိုင်းနွေထက် ပိုရှည်လျှားနေတယ်လို့ ထင်မိတယ်။ ကောင်မလေးနားမှာ ရစ်ဝဲပျံသန်းဖို့လည်း သူမှာ ခွန်အားတွေ ဆုတ်လျော့နေတယ်။ ဆရာဝန်ကောင်လေးနဲ့ ကောင်မလေးရဲ့ တီးတိုးစကားပြောသံနဲ့ ရယ်သံတွေက သူ့ကို အသက်ရှုကျပ်စေတယ်။ သုံးနှစ်မြောက် နွေရာသီမှာတော့ ပုစဉ်းဟာ ကောင်မလေးကို ခဏခဏ သွားမကြည့်တော့ဘူး။ သူနားနေကျ ကောင်မလေးရဲ့ ပုခုံးကို ဆရာဝန်ကောင်လေးက တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားတယ်။ သူ့တောင်ပံနဲ့ ထိနေကျ ကောင်မလေးရဲ့ ပါးပြင်ဟာလည်း ဆရာဝန်ကောင်လေးက တယုတယနမ်းနေတယ်။ ပုစဉ်းရင်ကွဲတစ်ကောင်က သူ့တို့ဘေးမှာ ရစ်ဝဲနေတယ်ဆိုတာကို ချစ်တင်းနှောပြီး ကြည်နှုးနေတဲ့ သူတို့နှစ်ယောက် သတိထားမိမှာ မဟုတ်ဘူး။ ကောင်မလေးကလည်း အတိတ်ဆိုတာကို လုံးဝ သတိမေ့သွားခဲ့ပြီလေ။ သတ်မှတ်ထားတဲ့ (၃)နှစ်ဆိုတဲ့ အချိန်ကိုရောက်ဖို့ တစ်ရက်အလိုမှာ ကောင်မလေးနဲ့ ဆရာဝန်ကောင်လေးတို့ လက်ထပ်လိုက်ကြတယ်။ ဘုရားကျောင်းထဲ သူပျံဝင်ပြီး ကောင်မလေးရဲ့ ပုခုံးထက်မှာ နားလိုက်တယ်။ ကောင်မလေးနဲ့ ဆရာဝန်ကောင်လေးရဲ့ ဘုရားသခင်ထံ သစ္စာခံယူနေတဲ့ အသံကို သူကြားလိုက်တယ်။ ဆရာဝန်ကောင်လေးက ကောင်မလေးရဲ့ လက်ကို လက်ထပ်လက်စွပ် စွပ်ပေးပြီး နမ်းလိုက်တာကို သူငေးကြည့်နေမိတယ်။ သူ့ပါးပြင်ငယ်ပေါ်မှာ မျက်ရည်တွေ စီးကျလာခဲ့တယ်။ "အသင် နောင်တရပြီလား" ဘုရားသခင်က ပုစဉ်းကို မေးတယ်။ "နောင်တ လုံးဝမရပါဘူး" မျက်ရည်တွေကို သုတ်ရင်း သူပြန်ဖြေတယ်။ "မနက်ဖြန်ဆို လူ့ဘ၀အသွင် ပြောင်းလို့ရပြီ" ဘုရားသခင်က ပြောတော့ ပုစဉ်းက ခေါင်းခါပြီး "ပုစဉ်းအဖြစ်နဲ့ ကျွန်တော်တစ်သက်လုံး နေပါရစေတော့။ တစ်ချို့ကံတရားက လက်လွတ်ဆုံးရှုံးဖို့ စီရင်လာပြီးသားပါ။ တစ်ချို့ဖူးစာက ပေါင်းစပ်ဖို့ ကံပါမလာခဲ့ဘူး။ လူတစ်ယောက်ကို ချစ်တာ ရယူပိုင်ဆိုင်မှ မဟုတ်ပါဘူး။ ဒါပေမဲ့ လူတစ်ယောက်ကို ရယူပိုင်ဆိုင်ပြီးရင်တော့ ကောင်းကောင်း တန်ဖိုးထား ချစ်တတ်ရမယ်" သင့်ရဲ့ ပုခုံးပေါ်မှာရော ပုစဉ်းလေးတစ်ကောင် နားခဲ့ဖူးသလား....? သင်ကော ပုစဉ်းလေးတစ်ကောင် ဖြစ်ခဲ့ဖူးသလား......? <^_^>>>>>>>>>>>>>>>>>>>>>>>>>

ရည်းစားနဲ့ ချစ်သူကွာဟချက

ရည်းစား .....♥♥♥ ရည်းစားဆိုတာတစ်ခဏတာလက်တွဲရတဲ့ သူ...........လို့်ဘာသာပြန်ချင်တယ်...... ဘာလို့လဲဆိုတော့ရည်းစားဘဝကရည်ရွယ်ချက်မရှိဘူး....... တာဝန်မရှိဘူး.........သူ့အနာဂတ်မှာလည်းသူမရှိဘူး...... ကိုယ့်အနာဂတ်မှာလည်းသူလုံးဝမရှိပါဘူး........ သူပြတ်ရင်ကိုယ်ပြတ်လို့ရတယ်.....အတားအဆီးမရှိဘူး........ ရည်းစားထားတယ်ဆိုတာသူငယ်ချင်းတွေရှေ့မှာမော်ကြွားယုံ........ ပန်းခြံတွေလျှောက်လည်ယုံလောက်နဲ့တင်အဆုံးသတ်သွားပါပြီ............ ပြောရရင်သူနဲ့ကိုယ်အတွယ်အတာဘာမှမရှိပါဘူး........ ဒီတစ်ယောက်ပြတ်ရင်နောက်တစ်ယောက်ပါ........ တစ်ချို့ဆိုရည်းစားဘဝမှာတင်ဘဝကိုစတေးလိုက်ရတာတွေရှိပါတယ်...... အင်း.......ရည်းစားထားပြီဆိုရင်တော့ရည်းစားကို ရည်းစားနဲ့တူအောင်ထားဖို့တော့လိုအပ်တာပေါ့နော်........... ဘယ်လိုပဲဖြစ်ဖြစ်ရည်းစားအဆင့်နဲ့တော့ဘဝကို တည်ဆောက်လို့မရတာတော့သေချာတယ်....... ရည်းစားမှာအဆုံးသတ်မရှိဘူး......ကြိုက်သလောက်ထားကြတယ်.......♥♥♥ ချစ်သူ.........♥♥♥ လူတစ်ယောက်ကဘယ်လောက်ပဲရည်းစားထားခဲ့ပါစေ...... နောက်ဆုံးတော့သူတစ်ကယ်ချစ်တာချစ်ခဲ့တာတစ်ယောက်ပဲရှိပါတယ်........ ချစ်သူကိုတော့တစ်ဘဝလုံးအတွက်ပုံအပ်ပြီးလက်တွဲရမယ့်သူလို့ ရွေးချယ်လိုက်တဲ့သူကိုချစ်သူလို့ဘာသာပြန်ပါရစေ........ ရင်ထဲကအချစ်စစ်....၊အချစ်မှန်.....၊မြတ်နိုးတွယ်တာမူတွေနဲ့ တည်ဆောက်ထားတယ်........သူ့မှာတော့ရည်ရွယ်ချက်ရှိလာပြီ..... အနာဂတ်ရှိလာပြီ........သူနဲ့ကိုယ်လက်ထပ်ပြီးရင်ဘာလုပ်ကြမှာလဲ....... ဘယ်လိုနေမှာလဲ.......အများကြီးပေါ့........... သူကအဆက်ဖြတ်သွားရင်တောင်ကိုယ့်မှာအနာဂတ်ပျောက်သွားနိုင်တယ်....... ဘဝဆုံးပြီးအသက်ပါဆုံးသွားတတ်တယ်............ ချစ်သူမှာလှတာမလှတာမရှိဘူး.......ဂုဏ်မရှိဘူး.....မာန်မာနကင်းမဲ့တယ်........ တစ်ယောက်ကိုတစ်ယောက်နားလည်မူအပြည့်ရှိတယ်........ ဘာဆိုဘာမှမရှိဘူး.......သူ့ကိုချစ်နေရရင်ပဲကျေနပ်နိုင်တယ်...... သူကိုလည်းပြန်ချစ်စေချင်တယ်....ကိုယ်ချစ်သလောက်ပေါ့......... သံယောဇဉ်တွေမေတ္တာတွေတွယ်တာမူတွေတမ်းတမူတွေ သတိရမူတွေအားလုံးပါဝင်နေတယ်.......... ချစ်သူအဖြစ်တစ်ယောက်ယောက်ကိုရွေးချယ်လိုက်ပြီဆိုရင်တော့ သူနဲ့ပတ်သတ်ရင်အရာရာကိုရင်ဆိုင်နိုင်ရမယ်.......... သူဘာပဲလုပ်ခဲ့.....လုပ်ခဲ့ခွင့်လွှတ်နိုင်ရမယ်...... ခွင့်လွှတ်နိုင်လောက်တဲ့အတိုင်းအတာထိပေါ့ဗျာ......... သူကိုပျော်ရွင်မူတွေပေးရမယ်.......သူနဲ့တွေ့ရင်ရင်တွေခုန်နေတာပေါ့....... သူ့ကိုတန်ဖိုးထားတတ်ရမယ်........တစ်ချို့ဆိုချစ်သူနဲ့ပတ်သတ်တဲ့ အရာအားလုံးကိုအချိန်...နာရီ....မိနစ်.....စက္ကန့်တောင်မလွဲအောင် တန်ဖိုးထားတတ်ကြတယ်......နောက်ဆုံးတော့ ချစ်သူအဖြစ်ကနေလက်တွဲပြီးဘဝကိုတည်ဆောက်ကြတာပေါ့.......♥♥

သည်စာကိုဖတ်ပြီး၁၀မိနစ်အတွင်းမျာ သူဆုတောင်းပြည့်ခဲ့တယ

အခုဖော်ပြမယ့် အမေးအဖြေလေးက လွန်ခဲ့တဲ့ 2000 ခုနှစ် နှစ်ကုန်ပိုင်းလောက် တုန်းက အလင်းတန်းဂျာနယ်မှာ စာရေးဆရာအတ္တကျော်ရေးသားတင်ပြထား တဲ့ အပျင်းပြေ(၂) ဆိုတဲ့ အမေးအဖြေလေးပါ။ စိတ်ပညာဆိုင်ရာ သဘောလေးတစ်ခုလို့  ပြောပါတယ်။ လူ့ စိတ်ကို စနစ်တကျစမ်းသပ်တာတစ်မျိုးလို့ ပြောနိုင်ပါတယ်တဲ့။ အပျင်းပြေလေးနဲ့  ပျော်စရာကောင်းလို့ ကျမသူငယ်ချင်းတစ်ယောက်က ကျမကိုစမ်းသပ်မေးပါတယ်။ သူပြောတဲ့ အတိုင်းဘာမှ မသိပဲ လိုက်ဖြေကြည့်မိတယ်။ အဖြေတွေအား လုံးနီးပါးတိုက်တိုက်ဆိုင်မှန်ကန်နေခဲ့ပါတယ်။ ဒီဟာလေးကိုသဘောကျလို့ ဂျာနယ်ရှာပြီး သိမ်းထားခဲ့တာပါ။ တစ်ခါတစ်ခါ မသိသေးတဲ့သူငယ်ချင်းတွေနဲ့ မေးစမ်းကြည့် တော့လဲ မှန်ပါတယ်။ မညာဖို့ နဲ့ သူများသိမှာစိုးရိမ်ရင် တစ်ယောက်ထဲဖြေကြည့်နော်။ နံပါတ်စဉ်လေးတွေ ညွှန်းတာနဲ့ တစ်ချို့ ပြောချင်တာလေးတွေကိုနည်းနည်းပြင်ရေးထား ပါတယ်။ ကျန်တာအားလုံးကတော့ အရင်းအတိုင်းပါပဲ။ သူငယ်ချင်းတွေကိုသတိရလို့  ပျော်ရအောင်ရည်ရွယ်ပြီး အင်း . . . အညောင်းခံပြီး၊ ပြန်ရိုက်လို့ တင်ပြလိုက်ပါတယ်နော်။ သူငယ်ချင်းတို့ ပြောတဲ့အတိုင်းလုပ်နော်။ လောလောဆယ်ဘောပင်နဲ့ စာရွက်သာ အမြန်ယူထားလိုက်တော့။ * * * * * * * * * * သည်နည်းလေးဟာ ကောင်းလည်းကောင်း လုပ်ကြည့် ပျော်တယ်လို့  စကားဦးသန်းလိုက်ချင်ပါတယ်။ စုစုပေါင်းသုံးလေးမိနစ်ပဲချိန်ပေးဖို့ လိုမှာပါ။ ဒါပေမယ့် ပျော်စရာလေးပါ။ အရေးကြီးတာက ညွှန်ကြားချက်တွေအတိုင်း တစ်သဝေမသိမ်းလိုက်နာဖို့ ပါပဲ။ ညွှန်ကြားချက်တွေကို တစ်နည်းနည်း နဲ့ လှည့်ဖျားမယ်ဆိုင်တော့ အောင်မြင်မှာမဟုတ်သလို နောက်ဆုံး ကျခါမှ လှည့်ဖျားမိခဲတဲ့အတွက် နောင်တရနေမှာလည်းအသေအချာပါ။ အဲ့တော့သုံးလေးမိနစ်လေးပဲ အချိန်ယူပြီးဒါလေးကို စမ်းကြည့်ပါ။ ကောင်းကောင်းကြီးပျော်သွားရပါစေမယ်။ သည်စာကို ပို့ လိုက်တဲ့သူကပြောတယ်။ သည်စာကိုဖတ်ပြီး ဆယ်မိနစ်အတွင်းမှာ သူ့ ဆုတောင်းပြည့်ခဲ့တယ်ဆိုပဲ။ ဒါပေမယ့် မညာကြေး၊ မလိမ်ကြေးနော်. . .။ ပျော်စရာလည်းကောင်း ၊ အံ့သြစရာလည်းကောင်းတဲ့ အဖြေတွေပေါ်လာလိမ့်မယ်။ သည်နေရာကစပြီး တစ်ကြောင်းမှကျော်မဖတ်ပါနဲ့ ၊ သူ့ အစီအစဉ်အတိုင်းဖတ်ရင်း လုပ်သွားပါ။ ကိုင်း . . . စလိုက်ကြရအောင်။ ပထမဆုံးစက စက္ကူလွတ်တစ်ရွက်နဲ့ မင်တံတစ်ချောင်းယူလိုက်ပါ။ ဘောပင်ဖြစ်ဖြစ်၊ ခဲတံဖြစ်ဖြစ်ပေါ့။ ရေးလို့ ထင်ရင်ပြီးတာပဲနော့ ။ သတိထားရမှာက လူနာမည်တွေကိုရေးတဲ့အခါ ကိုယ်နဲ့ တကယ်သိကျွမ်းနေတဲ့သူ၊ ရင်းနှီးတဲ့ သူတွေကိုသာရွေးပါ။ ပြီးတော့ စိတ်ထဲမှာ ဖျိုးကနဲ ၊ ဖျတ်ကနဲနဲ့ ပထမဆုံး ပေါ်လာတာတွေကိုသာ ချရေးပါနော်။ ထပ်ပြောမယ်နော်။ တစ်လိုင်းချင်း ဖြည်းဖြည်းဖတ်ရင်း ဖြေသွားနော်။ လုံးဝကျော်မဖတ်နဲ့ ၊ ကျော်ဖတ်လိုက်ရင် ပျော်စရာကောင်းတော့မှာ မဟုတ်ဘူးဆိုတာ ထပ်ပြီးပြောပါရစေနော်။ စပါပြီ . . . (က) ရှေ့ ဦးစွာ 1 မှ 11 အထိ ကို အထက်မှအောက် တန်းစီပြီး ချရေးလိုက်ပါ။ နံပါတ်စဉ်ထိုးတဲ့ သဘောပါ။ နမူနာ - 1 2 3 4 5 6 7 8 9 10 11 (ခ) ပြီးရင် နံပါတ် 1 ဘေးမှာ ကိုယ်ကြိုက်တဲ့ ဂဏန်းတစ်ခုကိုရေးလိုက်ပါ။ (ဥပမာ-တစ် မှ ကိုး (သို့ ) တစ်ရာထိ ကြိုက်ရာပါ) (ဂ) နံပါတ် 2 ဘေးမှာလဲ ကိုယ်ကြိုက်တဲ့ ဂဏန်းတစ်ခုကိုရေးလိုက်ပါ။ (ဥပမာ-တစ် မှ ကိုး (သို့ ) တစ်ရာထိ ကြိုက်ရာပါ) (ဃ) နံပါတ် 3 ဘေး နဲ့  နံပါတ် 7 ဘေး မှာအနီးစပ်ဆုံး ဆန့် ကျင်ဘက်များရဲ့ နာမည်များ ချရေးပါ။ (ယောက်ျားဖြေတာဆိုရင် မိန်းမနှစ်ယောက်နာမည်၊ မိန်းမဖြေတာဆိုရင် ယောက်ျားနှစ်ယောက်နာမည်တွေပဲပေါ့) (ဖျတ်ကနဲပေါ်တာနော်၊ မြန်မြန်လေး) ထပ်ပြီးသတိပေးပါရစေ။ ကျော်မဖတ်ပါနဲ့ နော်၊ ကျော်ဖတ်ရင် အားလုံးလွဲကုန်ပါလိမ့်မယ်။ ကောင်းပါပြီ။ အပေါ်ကညွှန်ကြားချက်တွေအတိုင်းရေးလို့ ပြီးမယ်ထင်ပါတယ်။ ဆက်မယ်နော်။ (င) နံပါတ် 4၊ 5၊ 6 ဘေးမှာ မိသားစုထဲကဖြစ်ဖြစ် ၊ မိတ်ဆွေ ၊ သူငယ်ချင်းထဲကဖြစ်ဖြစ် ခေါင်းထဲ ပေါ်လာတဲ့ နာမည်သုံးခု ကိုချရေးလိုက်ပါဦး။ (အရင်ရေးပြီးမှဆက်ဖတ်ပါနော်)။ သတိပေးချင်ပါသေးတယ်။ အလိမ်နဲ့ ၊ မညာနဲ့ နော်။ လိမ်ညာမိရင်နောက်မှ နောင်တရနေလိမ့်မယ်။ (စ) သီချင်းခေါင်းစဉ် လေးခုကို နံပါတ် 8 ၊ 9၊ 10 နဲ့  11 ဘေးမှာချရေးလိုက်ပါ။ (စဉ်းစားရတော့ခက်မယ်ထင်တယ်။ သီချင်းခေါင်းစဉ်မသိလဲ သီချင်းစာပိုဒ်လေးသာ ခံစားမိသလို ဖျတ်ကနဲပေါ်တာတွေသာချရေးလိုက်နော်။ အကြာကြီးစဉ်းစားမနေနဲ့ ) (ဆ) ကဲ . . . အားလုံးပြီးသွားပြီနော်။ ပြီးသွားပြီဆိုရင် လိုရာဆုတောင်းလိုက်ပါ။ အားလုံးသေချာပြီဆိုရင်တော့အဖြေတွေကို ကြည့်လိုက်တော့နော် အခုတောင်းတဲ့ဆုလေးပြည့်ချင်တယ်ဆိုရင် အခုအမေးအဖြေလေးတွေအကြောင်းကို နံပါတ် 1 မှာ သင်ရေးထားတဲ့ ဂဏန်းအတိုင်း (လူအရေအတွက်)စေ့အောင် နံပါတ် 2 မှာ သင်ရေးထားတဲ့ ကဏန်းအတိုင်း (ရက်အတွင်း)ပြောလိုက်ပါ။ ဒါဆိုဆုတောင်း တွေမကြာခင်ပြည့်လာပါလိမ့်မယ်။ (ဒါတော့ ချင့်ယုံပါလို့ ပြောချင်တယ် နောက်ပိုင်းအဖြေလေးတွေက စိတ်ဝင်စားစရာကောင်းပါတယ်။ ဖတ်ကြည့်ဦးနော်) နံပါတ် 3 ဘေးမှာရေးထားတဲ့ သူနာမည်က ကိုယ်ချစ်တဲ့သူတဲ့။ (ဟုတ်ပါရဲ့ လား) နံပါတ် 7 ဘေးမှာရေးထားတဲ့ သူကတော့ ကိုယ်ကြိုက်နှစ်သက်တဲ့သူ။ ကိုယ်နဲ့ သိပ်တော့လည်းမတိုက်ဆိုင်တဲ့သူပါတဲ့။ နံပါတ် 4 ဘေးမှာရေးထားတဲ့ သူကိုကျတော့ ကိုယ်ကဂရုအစိုက်မိဆုံး၊ အလေးပေးမိဆုံးပါတဲ့။ နံပါတ် 5 ဘေးမှာရေးထားတဲ့ သူကတော့ ကိုယ့်ကို ကောင်းကောင်း သိရှိနားလည် သူပေပဲပေါ့။ နံပါတ် 6 ဘေးမှာရေးထားတဲ့ သူကတော့ ကိုယ့်အတွက်ကံကောင်း စေမယ့်သူပါပဲ။ နံပါတ် 8 ဘေးမှာရေးထားတဲ့ သီချင်းခေါင်းစဉ်လေးကတော့ နံပါတ် 3 ကသူနဲ့ လိုက်ဖက်တဲ့ သီချင်းလေးပါ။ နံပါတ် 9 ဘေးမှာရေးထားတဲ့ သီချင်းခေါင်းစဉ်လေးကတော့ နံပါတ် 7 ကသူအတွက်ပေါ့နော်။ နံပါတ် 10 ဘေးမှာရေးထားတဲ့ သီချင်းကတော့ကိုယ့်စိတ်ကို အများဆုံးရောင်ပြန်ဟပ်နေတဲ့ သီချင်းပါတဲ့။ နံပါတ် 11 ဘေးကသီချင်းကတော့ ကိုယ့်ဘ၀ခံယူချက်ကိုထင်ဟပ်နေပါ လိမ့်မယ် ။ * * * * * * * * * * ကဲ သူငယ်ချင်းတို့ ရေ နည်းနည်းတော့ဆန်းလိမ့်မယ်လို့ ယုံကြည်ပါတယ်။ အပျင်းပြေလေးနဲ့ ကျေနပ်မယ်ဆိုရင် ဒီစာလေးကိုပြန်ရိုက်ပြီးဖော်ပြရ ကျိုးလေးနပ်ပြီ။ ကျေးဇူးတင်ပါတယ်။

ဘ၀နှင့်ကျွနှပ်

သင်စိတ်ညစ်နေတဲ့အခါမှာ ဘ၀က သင့်ကိုရယ်တယ်။ သင်ပျော်ရွှင်နေတဲ့အခါမှာ ဘ၀က သင့်ကို ပြုံးပြီးကြည့်တယ်။ သင်သူများတွေကို ပျော်ရွှင်အောင် လုပ်ပေးတဲ့အခါမှာတော့ ဘ၀က သင့်ကိုအလေးပြုတယ်။ အောင်မြင်သူတိုင်းမှာ ပင်ပန်းဆင်းရဲတဲ့ ဇာတ်လမ်းတစ်ပုဒ် ရှိဖူးပါတယ်။ ပင်ပန်းဆင်းရဲတဲ့ ဇာတ်လမ်းတိုင်းမှာလည်း အောင်မြင်တဲ့ဇာတ်သိမ်းတစ်ခု ရှိပါတယ်။ လွယ်တာက သူများရဲ့အမှားကို ဝေဖန်အကဲဖြတ်ဖို့ပါ။ ခက်တာကတော့ ကိုယ့်အပြစ်ကို အမှန်အတိုင်းသိမြင်ဖို့ပါ။ ဘယ်သူမှ အတိတ်ကိုပြန်သွားပြီး ဆိုးရွားတဲ့အစကို ပြင်လို့မရပါဘူး။ ဒါပေမယ့် အောင်မြင်တဲ့ အဆုံးသတ်ရဖို့ အခုချက်ချင်း စတင်လှုပ်ရှားတာကိုတော့ လူတိုင်းလုပ်လို့ရပါတယ်။ ပြဿနာတစ်ခုဟာ ဖြေရှင်းလို့ရနိုင်တာဆိုရင် ဘာမှစိတ်ပူစရာမလိုပါဘူး။ ဖြေရှင်းလို့ မရနိုင်ဘူးဆိုရင်လည်း စိတ်ပူနေလို့ ဘာများထူးမှာ မို့လို့လဲ။ ဘယ်သူမှ သော့တံမရှိတဲ့ သော့ခလောက်ကို မဖန်တီးပါဘူး။ အဲဒီလိုပဲ မြတ်စွာဘုရားကလည်း အဖြေမရှိတဲ့ ပြဿနာကို မပေးပါဘူး။ အခွင့်အရေးတစ်ခုကို ဆုံးရှုံးလိုက်ရပြီဆိုရင် သင့်မျက်လုံးတွေကို မျက်ရည်တွေနဲ့ ပြည့်မနေပါစေနဲ့။ မျက်ရည်တွေက သင့်ရှေ့က ပိုကောင်းတဲ့ နောက်ထပ်အခွင့်အရေးတစ်ခုကို ကွယ်ပစ်လိုက်ပါလိမ့်မယ်။ မျက်နှာကိုပြုပြင်လိုက်တာ (Changing the Face) ဟာ ဘာကိုမှ ပြောင်းလဲစေနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် အပြောင်းအလဲကို ရင်ဆိုင်လိုက်တာ (Facing the Change) ကတော့ အရာရာကို ပြောင်းလဲသွားစေနိုင်ပါတယ်။ သူများတွေအကြောင်း မကျေမနပ် ညည်းညူမနေပါနဲ့။ ငြိမ်းချမ်းချင်ရင် ကိုယ့်ကိုယ်ကိုယ်ပဲ ပြောင်းလဲပြုပြင်လိုက်ပါ။ အမှားတွေက ဖြစ်ပျက်နေတဲ့အချိန်မှာတော့ နာကျင်ပင်ပန်းစေပါတယ်။ ဒါပေမယ့် နှစ်တွေကြာလာလို့ အဲဒီအမှားတွေ စုပေါင်းလိုက်တဲ့အခါမှာတော့ သင့်ကို အောင်မြင်မှုဆီ ခေါ်ဆောင်သွားမယ့် "အတွေ့အကြုံ" ဆိုတာ ဖြစ်လာပါတယ်။ ကျရှုံးတဲ့အချိန်မှာ ရဲရင့်မှုရှိပါ။ အောင်မြင်တဲ့အချိန်မှာ တည်ငြိမ်မှုရှိပါ။ အပူပေးခံထားရတဲ့ ရွှေတွေဟာအလှဆင်ပစ္စည်းတွေ ဖြစ်လာပါတယ်။ ထွင်းထုခံထားရတဲ့ ကျောက်တုံးတွေဟာလည်း ရုပ်ထုတွေ ဖြစ်လာပါတယ်။ ဒါကြောင့် သင့်ဘ၀မှာနာကျင်မှုခံစားရမှုတွေများလာလေ သင့်ရဲ့ တန်ဖိုးတက်လာလေပါပဲ။

အချစ်ကိုနားလည်သော

ဟိုးတစ်ချိန်က ကျွန်းလေးတစ်ကျွန်းမှာ ခံစားချက်တွေ အားလုံး နေထိုင်ကြတယ်။ ပျော်ရွှင်မှု၊ ကြေကွဲမှု၊ ချမ်းသာခြင်း၊ အသိပညာ စသဖြင့်ပေါ့။ အချစ်လည်း နေပါတယ်။ တစ်နေ့တော့ သူတို့ စုပေါင်းနေကြတဲ့ ကျွန်းဟာ မကြာခင်မှာ ပင်လယ်ထဲကို မြုပ်တော့မယ်လို့ သတိပေးကြေငြာချက် ထွက်လာတယ်။ ဒါနဲ့ပဲ အားလုံးကိုယ်စီကိုယ်စီ လှေတွေ လုပ်ကြပြီး အဲဒီကျွန်းကနေ ထွက်ခွာသွားကြတော့တယ်။ အချစ်က လွဲလို့ပေါ့။ သူက နောက်ဆုံးအချိန်ထိ မျှော်လင့်ချင်သေးတယ်လေ။ ကျွန်းကြီးတစ်ခုလုံး မြုပ်ခါနီးပြီဆိုမှ အချစ်က သူ့ကိုလာကယ်ဖို့ အကူအညီ တောင်းမယ်လို့ ဆုံးဖြတ်လိုက်တယ်။ ချမ်းသာခြင်းကို လှေနဲ့ ဖြတ်သွားတာ မြင်လိုက်တော့ အချစ်က "ဗျို့ ... ကိုချမ်းသာ၊ ကျနော့်ကို ခင်ဗျားနဲ့ အတူလိုက်ခွင့် ပေးပါလား။" လို့ လှမ်းအကူအညီ တောင်းလိုက်တယ်။ ဒီတော့ ချမ်းသာခြင်းက "ဝမ်းနည်းပါတယ် အချစ်ရာ။ လှေပေါ်မှာ တင်ထားတဲ့ ရွှေတွေ ငွေတွေနဲ့ ပြည့်နေတယ်။ မင်းအတွက် နေရာမရှိဘူး။" လို့ ငြင်းလိုက်တယ်။ ဘေးနား ရောက်လာတဲ့ မာနကို လှမ်းအကူအညီတောင်းတော့လည်း အဖြေက မထူးဘူး။ "ကိုယ် မင်းကို မကူညီနိုင်ဘူး အချစ်။ မင်း တစ်ကိုယ်လုံးလည်း ရွှဲလို့ ငါလှေ ပျက်သွားလိမ့်မယ်။ မဖြစ်ပါဘူး။" ကြေကွဲမှုကို လှမ်းမြင်လိုက်တော့ အော်ပြောလိုက်တယ်။ "ကြေကွဲမှု၊ ကျနော့်ကိုလည်း ခေါ်သွားပါဦး။" "အို ... အချစ်၊ ငါ တအား ဝမ်းနည်းနေလို့ပါကွာ။ တစ်ယောက်တည်းပဲ အေးဆေး နေပါရစေ။" လို့ ပူဆွေးနေတဲ့ အသံနဲ့ ပြန်ဖြေလိုက်တယ်။ ပျော်ရွှင်မှု ဘေးနားက ဖြတ်သွားတာ မြင်တော့ လှမ်းခေါ်လိုက်ပေမယ့် သူ့ဖာသာ အပျော်လုံးနဲ့ စို့နေတော့ ခေါ်နေတာတောင် မကြားနိုင်တော့ဘူးလေ။ အဲဒီလို အားကိုးရာမဲ့လို့ အားငယ်နေချိန်မှာ ရုတ်တရက် ဆိုသလို "လာ အချစ်။ ငါနဲ့ လိုက်ခဲ့။" ဆိုတဲ့ အသံတစ်သံ ထွက်လာတယ်။ သူ့ကြည့်ရတာ အသက်တော်တော် ကြီးနေပါပြီ။ ဘာပဲ ဖြစ်ဖြစ်လေ။ အချစ်ခမျာ တအား ပျော်သွားပြီး လှေပေါ် ခုန်တက်လိုက်တယ်။ ကယ်တင်ရှင်တွေ့ပြီ ဆိုပြီး အပျော်လွန်လိုက်တာ အဘိုးအိုကို ဘယ်သွားမလို့လဲ ဆိုတာတောင် မမေးလိုက်မိဘူး။ နောက် ကမ်းခြေ တစ်နေရာလည်း ရောက်ရော အချစ်ကို ချပြီးပြီးချင်း ဘာမှ မပြောဘဲ လှေလှော်ပြီး ထွက်သွားလေရဲ့။ ကျေးဇူးတင်ချင်တာတောင် ဘယ်သူ့ တင်ရမှန်း မသိတဲ့ ဘဝ။ ဒါနဲ့ တခြားအဘိုးအို တစ်ယောက်ဖြစ်တဲ့ ဦးပညာကို သွားမေးတော့တယ်။ "ကျနော်ကို ဘယ်သူ ကူညီသလဲဆိုတာ သိလား အဘ" "အဲဒါ အချိန် ကွဲ့" လို့ အဘိုးအို ပြန်ဖြေတော့ "အချိန်" လို့ ပါးစပ်ကနေ ရေရွတ်ရင်း စဉ်းစားနေမိတယ်။ အချစ်ရဲ့ မျက်နှာ အမူအရာကို အကဲခတ်မိတဲ့ ဘိုးပညာက တစ်ချက်ပြုံးလိုက်ပြီး ပြန်ဖြေလိုက်တယ်။ "အေးကွဲ့။ လောကမှာ အချစ်ရဲ့ တန်ဖိုးကို နားလည်နိုင်စွမ်းရှိတာ အချိန်ပဲ ရှိတယ်မဟုတ်လား အမောင်ရဲ့"

တခြားတစ်ဦးရဲ့ နှလုံးသားနဲ့ချစ်ဖို့ လုံးဝ ခွင့်မပြုနိုင်လို့ပါ

အရမ်းချစ်ကျတဲ့ ချစ်သူနှစ်ယောက်ရှိတယ်. ဘယ်လောက်ထိချစ်လဲ ဆိုတော့ > သူတို့အတွဲကို ကံကြမ္မာ ကတောင် မနာလိုဖြစ်ပြီး ကောင်လေး > မှာနှလုံးရောဂါရှိခဲ့တယ် ... အဲ့ဒီနှလုံးရောဂါက နှလုံးအစားထိုးပြီး ကုသမှ > ပျောက်ကင်းနိုင်လိမ့်မယ် လို့ ဆရာဝန်တွေက မှတ်ချက်ချကြတယ် .... > ဒီလိုနဲ့သူတို့ အတွဲ အရမ်းဝမ်းနည်းကြေကွဲ ရတာပေါ့ ... ဒီလိုနဲ့နေလာရင်းနဲ့ > နှလုံးအလှူရှင် ပေါ်လာတယ် ..ကောင်မလေးကအတိုင်းမသိ ၀မ်းသာခဲ့တယ်. >>> သူ့ချစ်သူလဲ ခဏတာ ခဏတာပျော်ရွင်ခဲ့တယ်..ဒါ့ပေမယ့် ကောင်လေးက > လက်မခံခဲ့ဘူး..ဒါကို ကောင်မလေးက လုံးဝနားမလည်နိုင်ဖြစ်ခဲ့ရတာပေါ့ > ....xxx....xxxx.. >>> အလွမ်းအဆွေးများစွာနဲ့ ကောင်မလေးကိုလူ့လောကအလယ်မှာတစ်ယောက်ထဲ ထားခဲ့ပြီး > လူ့လောကထဲကနေ အပြီးထွက်ခွာသွားတော့တယ်...ကောင်မလေး က သေမတတ်ခံစားရင် အိပ်ရာ ပေါ်မှာလဲနေတော့တာပေါ့.... >>> ဒီအချိန်မှာ ကောင်လေးရဲ့ အမေက စာလေးတစ်စောင်ကိုင်ပြီး ကောင်မလေးအနားကို > ရောက်လာခဲ့တာပေါ့ ...ကောင်လေးအမေကပြောတယ် ဒီစာလေးဟာသူသားမသေခင်က ရေးသွားတဲ့စာလို့ ..... >>> ဒီလိုနဲ့ကောင်မလေးကအိပ်ယာပေါ်ကနေ လူးလှဲထပြီး စာရွက်ကိုလှမ်းယူပြီး > ဖတ်တာပေါ့.....စာကတစ်ကြောင်းလေးပါပဲ..... >>> >>> >>> >>> "ကိုယ်ချစ်တဲ့ မင်းလေးကို တခြားတစ်ဦးရဲ့ > နှလုံးသားနဲ့ချစ်ဖို့ လုံးဝ ခွင့်မပြုနိုင်လို့ပါ" ..တဲ့

ချစ်ဇနီး

အဲဒီနေ့ ညနေခင်းကို ကျွန်တော်တစ်သက် မေ့နိုင်တော့မှာ မဟုတ်ပါဘူး။ အဲဒီညနေခင်းမှာ ခါတိုင်းလိုပဲ အားကစားသတင်း ကြည့်နေတဲ့ကျွန်တော့်ကို ရေချိုးခန်းထဲ ထွက်လာတဲ့မိန်းမက "မောင်... ခင့်ခြေထောက်မှာ ဘယ်လိုဖြစ်ပြီး မှဲ့နက်တစ်လုံး ပေါ်လာတာလဲ မသိဘူး?" လို့ ပြောတယ်။ ကျွန်တော်က ဆေးပညာဗဟုသုတ နည်းပါးသူပါ။ မိန်းမတွေဆိုတာ ကိစ္စသေးသေးမွှားမွှားကို ရေးကြီးခွင်ကျယ် လုပ်တတ်တဲ့အမျိုးမို့ သူပြောတာကို ကျွန်တော်အရေးမလုပ်ခဲ့ဘူး။ ကျွန်တော်တို့ရဲ့ အိမ်ထောင်ရေးက စိတ်သဘောထားညီတယ်၊ ငြိမ်းချမ်းတယ်လို့ ဆိုရမယ်။ ကျွန်တော်ရာထူးတိုးပြီးတဲ့နောက် မိန်းမက အိမ်ထောင့်တာဝန်ကို လုံးဝပုခုံးပြောင်းယူလိုက်တယ်။ ကျွန်တော့်အလုပ်က မကြာခဏ အချိန်ပိုဆင်းရတယ်။ မကြာခဏ ခရီးထွက်ရတယ်။ တစ်ခါတလေ ခရီးထွက်ရင် တစ်လလောက်ကြာတတ်တယ်။ ခရီးထွက်သူတိုင်းက အိမ်မှာကျန်ခဲ့တဲ့ မိသားစု၊ သားသမီးတွေကို စိတ်ပူတတ်တယ်။ ဒါပေမယ့် ကျွန်တော်ကတော့ ပေါ့ပေါ့ပါးပါးပဲ။ လူကြီးသူမ၊ ကလေးတွေကို ကျွန်တော့်မိန်းမ ဂရုစိုက်စောင့်ရှောက်လိမ့်မယ်ဆိုတာ သိထားလို့ဖြစ်တယ်။ တကယ်တော့ ကျွန်တော့်မိန်းမကို အားကျကြတဲ့လူတွေက ကျွန်တော့်ကိုအားကျကြတဲ့လူတွေလောက် များတယ်။ လူတွေရဲ့အကြည့်မှာ သူဟာ ဘာမှ ပူပင်ကြောင့်ကျစရာမလိုတဲ့လူ၊ တိုက်ရှိ ကားရှိပြီး အရာရာပြည့်စုံတဲ့လူ၊ လင်ယောက်ျားချစ်မြတ်နိုးသူလို့ မြင်ကြတယ်။ တကယ်လည်း ရိုမန်တစ်ဆန်ဆန် အချစ်တွေကို ကျွန်တော်တို့ နားမလည်ပေမယ့် ကျွန်တော်တို့အိမ်ထောင်ရေး သာယာခဲ့တယ်။ ကျွန်တော့်မိန်းမက ဆေးကုမ္ပဏီမှာလုပ်ဖူးတော့ ဘယ်လိုဖြစ်ဖြစ် ဆေးပညာဗဟုသုတကို ကျွန်တော်ထက် သူနားလည်တယ်လို့ ဆိုရမယ်။ ဒီလိုအရေးပြားပေါ် မထင်မှတ်ဘဲ ရုတ်တရက်ပေါ်လာတဲ့ မယားမနာ မှဲ့နက်တွေဟာ တစ်ခုခုဖြစ်နိုင်တယ်ဆိုတာကို သူသိတယ်။ ဒီလိုနဲ့ သူကိုယ်တိုင် ဆေးရုံသွားပြီး စစ်ဆေးကြည့်တော့ အရေပြားကင်ဆာလို့ အဖြေရတယ်။ အဲဒီအဖြေက ကျွန်တော်တို့အားလုံးကို ချောက်ချားတုန်လှုပ်စေခဲ့တယ်။ သူ့ကို ကျွန်တော်အဖော်ပြုပြီး အကောင်းဆုံးဆိုတဲ့ ဆေးရုံတွေမှာ သွားရောက်စစ်ဆေးခဲ့တယ်။ ဆေးရုံတိုင်းရဲ့ အဖြေကတူနေတယ်။ နာမည်ကြီးဆရာဝန်တစ်ယောက်က ဒီလို ကင်ဆာမျိုးရဲ့သေဆုံးနှုန်းဟာ ၉ဝ%ဖြစ်တယ်၊ ဒါဟာ အရေပြားကင်ဆာထဲမှာ အဆိုးဝါးဆုံးတစ်မျိုးလို့ ကျွန်တော့်ကို ပြောပြတယ်။ သိပ်မကြာပါဘူး... ဆရာဝန်တွေ ခန့်မှန်းသလိုပဲ သူ့ခြေထောက်၊ သူ့လက်မောင်းနဲ့ နောက်ကျောတွေမှာ မှဲ့နက်တွေ အဆက်မပြတ်ထွက်လာခဲ့တယ်။ သူ့ရဲ့ ခန္ဓာကိုယ်ရော၊ စိတ်ဓာတ်ပါ တဖြည်းဖြည်း ချိနဲ့လာခဲ့တယ်။ ကျွန်တော်မှတ်မိသလောက် အရင်က ကျွန်တော်မကြာခဏ ဖျားနာတတ်ပေမယ့် ကျွန်တော့်မိန်းမက ဖျားနာခဲသူပါ။ ခုတော့ အားအားမနေတတ်သူတစ်ယောက်က လူနာကုတင်ပေါ်မှာ ငြိမ်ငြိမ်သက်သက် လဲလျောင်းနေခဲ့ရပြီ။ သူမရှိတဲ့အိမ်က တိတ်ဆိတ်ခြောက်ကပ်လို့ နေတယ်။ မီးဖိုချောင်ဟာလည်း ရေနွေး၊ ရေငွေ့ကင်းစင်လို့ အိမ်အသုံးအဆောင်တွေလည်း ဖုန်တွေကပ်ငြိလို့ နေခဲ့ပြီ။ အရင်က တောက်ပခဲ့တဲ့ နေရာလေး၊ အပြင်က ပြန်ရောက်တိုင်း နွေးထွေးလုံခြုံခဲ့တဲ့နေရာလေးက ခုတော့ ကျွန်တော်မမှတ်မိလောက်အောင် ပြောင်းလဲခဲ့တယ်။ အိမ်ကအသုံးအဆောင် တော်တော်များများနဲ့ ကျွန်တော်စိမ်းခဲ့တယ်။ ထမင်းတစ်အိုးတည်ဖို့၊ ဟင်းတစ်ခွက်ချက်ဖို့ ကျွန်တော်အတွက် အရမ်းခက်ခဲခဲ့တယ်။ ကျွန်တော်ဖျော်တဲ့ ကော်ဖီရဲ့အရသာ၊ ကျွန်တော်ပြုတ်တဲ့ ခေါက်ဆွဲအရသာက သူချက်တဲ့ အရသာနဲ့ တခြားစီဖြစ်နေတယ်။ အရင်က သူအလွယ်တကူ ကမ်းပေးတတ်တဲ့ နေ့စဉ်သုံးပစ္စည်းတွေ ခုတော့ ဘယ်လိုရှာရှာ ကျွန်တော်ရှာမတွေ့ခဲ့ဘူး။ သူဆေးရုံတက်တဲ့နေ့ကစပြီး ကျွန်တော်အလုပ်က ခွင့်ယူခဲ့တယ်။ နေ့နေ့ညည အတတ်နိုင်ဆုံး သူ့အနားမှာပဲ ကျွန်တော်နေခဲ့တယ်။ ဒီအချိန်ကျမှာ တကယ်လို့ အိမ်တစ်အိမ် မရှိရင်၊ တကယ်လို့ အဲဒီအိမ်မှာ ကြင်နာတဲ့အိမ်ထောင်ရှင်မတစ်ယောက် မရှိရင် ယောက်ျားဖြစ်သူဟာ ပိုက်ဆံဘယ်လောက်ပဲရှာရှာ၊ နာမည်ဘယ်လောက်ပဲကြီးကြီး ဒါတွေအားလုံးဟာ ဗလာဆိုတာကို ကျွန်တော်နားလည်လာခဲ့မိတယ်။ သု့ရောဂါ တဖြည်းဖြည်း ဆိုးဝါးလာချိန်မှာ မိတ်ဆွေတစ်ဦးက မြို့တစ်မြို့မှာ အရေပြားကင်ဆာ အထူးကူဆရာဝန်တစ်ဦးရှိကြောင်း ကျွန်တော့်ကို ပြောပြတယ်။ ဒီလိုရောဂါမျိုးကို အဲဒီဆရာဝန် ကုသပျောက်ကင်းခဲ့ဖူးတယ်လို့လည်း ဆိုတယ်။ ဒါပေမယ့် ကုသစရိတ်ကြီးမယ်၊ တစ်ခါကုရင် ၃လကြာတယ်လို့ဆိုတယ်။ မိန်းမကို ဒီအကြောင်း ကျွန်တော်ပြောပြတော့ ရောဂါဝေဒနာဖိစီးနေတဲ့ကြားက စကားတစ်ခွန်းကို သူရှင်းရှင်းလင်းလင်း ပြောလိုက်တယ်။ "ခင်.. အသက်ရှင်ပါရစေ" တကယ်ပါ.. ကျွန်တော်တို့ဟာ တစ်ယောက်ကိုတစ်ယောက် အရင်က ဘယ်လောက်ချစ်ကြတယ်ဆိုတာကို ကျွန်တော်မသိခဲ့ဘူး။ ဒါပေမယ့် အဲဒီစကားကို သူပြောလိုက်တဲ့တခဏမှာ ကျွန်တော်တို့ဟာ ကမ္ဘာပေါ်မှာအချစ်ဆုံး၊ လင်မယားလုပ်ဖို့ အသင့်တော်ဆုံး၊ ခုလို အတူတူပေါင်းသင်းရတာ ကံအကောင်းဆုံးဆိုတာကို ကျွန်တော်သိလိုက်တယ်။ သူအသက်ရှင်ရမယ်၊ သူ့ကို ကျွန်တော် အသက်ရှင်စေရမယ်။ ကျွန်တော်တို့အတူ တဖြည်းဖြည်းအိုမင်းပြီး သားသမီးရဲ့သားသမီးတွေ "ဘိုးဘိုး.. ဘွားဘွား"လို့ခေါ်တဲ့အသံကို အတူတူနားထောင်ကြမယ်။ သူ့ကို အဲဒီဆရာဝန်နဲ့ဆေးကုဖို့ ကျွန်တော်ဆုံးဖြတ်လိုက်တယ်။ အလုပ်မှာ ခွင့်ရက်ရှည်တင်တော့ လုပ်ဖော်ကိုင်ဖက်တွေရဲ့ တီးတိုးစကားကို ကျွန်တော်ကြားခဲ့ရတယ်။ "တကယ်လို့ ကျွန်တော်သာဆိုရင် ကုမနေတော့ဘူး။ နည်းတဲ့ ဆေးကုခမှ မဟုတ်တာ။ ကုလို့မရရင် ပိုက်ဆံကုန် လူပန်းတာပဲ အဖတ်တင်တယ်" ဒီလိုစကားမျိုးပြောသူတွေဟာ ကိုယ့်ရဲ့အရင်းနှီးဆုံးလူ လောကကြီးထဲကနေ ထွက်ခွာသွားတော့မယ်ဆိုတဲ့ ခံစားချက်ကို မခံစားဖူးသေးလို့ဖြစ်မယ်။ ဒီငွေကြေးလေးက လူတစ်ယောက်အသက်ရှင်ဖို့အတွက် မျှော်လင့်ချက်ဖြစ်တယ်ဆိုတာကိုလည်း သိပုံမရလို့ဖြစ်မယ်။ ကုသစရိတ်ဘယ်လောက်ကြီးကြီး သူသာ အသက်ရှင်မယ်ဆိုရင် အိမ်ရောင်း၊ ကားရောင်းပြီးလည်း ကျွန်တော်ကုမယ်။ အဲဒီမြို့ကို ဆေးသွားမကုခင် လိုအပ်တဲ့နေ့စဉ်သုံးပစ္စည်းတွေ ကျွန်တော်လိုက်ဝယ်ခဲ့တယ်။ ပွဲတော်ရက် နီးလို့လားမသိဘူး ဈေးတွေ၊ ကုန်တိုက်တွေမှာ မိသားစုအလိုက် ပျော်ပျော်ရွှင်ရွှင် ဈေးဝယ်နေသူတွေတွေ့တော့ ကျွန်တော်ဟာ အပျော်တွေနဲ့ ခွဲခြားခံထားရသူလို့ ထင်မိတယ်။ အပျော်၊ အပြုံးတွေဆိုတာ ကျွန်တော့်မိန်းမ ရောဂါစဖြစ်ကတည်းက ကျွန်တော်နဲ့ မဆိုင်တော့သလိုပါပဲ။ မိန်းမရေးပေးတဲ့ စာရင်းအတိုင်း ကျွန်တော်ပစ္စည်းတွေ အများကြီးဝယ်ခဲ့တယ်။ အိတ်တွေဆွဲပြီး ဆိုင်ကထွက်တော့ အိတ်တွေအရမ်းလေးတာကို သတိထားမိတယ်။ ဒီလောက်နှစ်တွေအကြာကြီး တစ်အိမ်လုံးအတွက် လိုအပ်တဲ့အသုံးအဆောင်တွေ ဝယ်ခဲ့တဲ့သူ၊ ဆန်တစ်အိတ်၊ ဆီတစ်ပုံး ဘယ်လောက်ပေးရမှန်း မသိတဲ့ကျွန်တော်၊ ဆိုင်ကနေအိမ်အထိ လေးလံတဲ့ပစ္စည်းတွေကို သူဘယ်လိုသယ်ခဲ့သလဲ ကျွန်တော်လုံးဝ မသိခဲ့ရပါဘူး။ အိမ်တစ်အိမ်လုံးရဲ့ထုတ်ဟာ ကျွန်တော်ပါလို့ ကျွန်တော်ထင်ခဲ့တယ်။ သူလဲကျချိန်ရောက်မှ ဒီအိမ်မှာ သူသာလျှင် အရေးပါဆုံးဆိုတာကို ကျွန်တော်သိလိုက်ရတယ်။ ဆေးသွားကုတဲ့မြို့လေးမှာ မင်္ဂလာဆောင်ပြီးစကလို နေ့ရက်တွေကို ကျွန်တော်တို့ ကြင်ကြင်နာနာ ဖြတ်သန်းခဲ့ကြတယ်။ ၃လအတွင်းမှာ မခွဲမခွာအတူနေခဲ့ကြတယ်။ အတူတူ ရယ်မောခဲ့ကြတယ်၊ အတူတူ ငိုကြွေးခဲ့ကြတယ်။ ဒီလို တစ်ယောက်နဲ့တစ်ယောက် စိတ်ချင်းကပ်ပြီး စကားမပြောဖြစ်ခဲ့တာ နှစ်တွေ ဘယ်လောက်ကြာခဲ့ပြီမှန်း ကျွန်တော်မမှတ်မိတော့ဘူး။ ကုသတဲ့ပထမတစ်လအတွင်းမှာ သူနည်းနည်း သက်သာလာတယ်။ တစ်ခါတလေ သူ့ကိုတွဲပြီး ပန်းခြံထဲ ကျွန်တော်တို့ လမ်းလျှောက်ကြတယ်။ ကျွန်တော်တို့မြို့ရဲ့ ပန်းခြံဝရှေ့မှာ သူနဲ့ပထမဆုံးအကြိမ် ဆုံခဲ့တဲ့အကြောင်းကို ပြန်ပြောင်းပြောကြတယ်။ ပထမဆုံးအကြိမ်ကြည့်ခဲ့တဲ့ "Last Fillings"ရုပ်ရှင်အကြောင်းကို ပြောကြတယ်။ ဒါတွေဟာ ဟန်းနီးမွန်းအချိန်ပြောကြတဲ့ စကားတွေပါ။ ခုချိန်မှာ ဒါတွေကို အောင်းမေ့ရတော့ ရင်ထဲပိုနာကြင်ကြေကွဲရတယ်။ မင်္ဂလာဆောင်ပြီး နှစ်တွေအကြာကြီးထဲမှာ ကျွန်တော်တို့ အခုလို စကားများများ မပြောဖြစ်ခဲ့ကြဘူး။ ၃လအတွင်းမှာ တဖြည်းဖြည်း နွမ်းလျလာတဲ့သူ့ကို ကျွန်တော်မကြည့်ရက်ခဲ့ဘူး။ အထူးကုသနည်းတွေက သူ့အတွက် အသုံးမဝင်ခဲ့ဘူး။ ဆန်ပြုတ်တစ်ဇွန်းသောက်ဖို့ကို သူတော်တော်အားစိုက်ခဲ့ရတယ်။ နောက်ဆုံး "အိမ်ပြန်ရအောင်"လို့ ကျွန်တော့်ကို သူပြောတယ်။ ဒီလိုနဲ့ မျှော်လင့်ချက်မဲ့စွာ ကျွန်တော်တို့ အိမ်ပြန်ခဲ့ကြတယ်။ အိမ်ပြန်ရောက်ပြီးနောက် တစ်နေ့ထက်တစ်နေ့ သူအင်အား ပိုမဲ့လာခဲ့တယ်။ ကင်ဆာသမားတွေ အကြောက်ရဆုံး နာကျင်ခံစားမှုကို သူစခံစားနေရတယ်။ ညတိုင်း သူအိပ်မပျော်ခဲ့ဘူး။ နာကျင်တာတွေ ကြိတ်ခံပြီး သူညည်းညူနေခဲ့ရတယ်။ အနာခံဆေးတွေလည်း မတိုးတော့ပါဘူး။ သူ့အစား ကျွန်တော်ခံစားပေးချင်လိုက်တာ။ သူခံစားနေတာတွေကို ကျွန်တော် ဘယ်လိုမှ မကြည့်ရက်ခဲ့ဘူး။ တစ်ခါတလေ ဝေဒနာသက်သာချိန်မှာ အိမ်ဝတ်ကိစ္စအဝဝကို သူမှာတတ်တယ်။ အဲဒီအချိန်ကျမှ သူဟာ ဒီနေအိမ်အတွက်၊ ဒီမိသားစုအတွက် ဘယ်လောက်စေ့စပ်၊ ဘယ်လောက် အလုပ်ရှုပ်ခဲ့တယ်ဆိုတာကို ကျွန်တော်နားလည်လိုက်တယ်။ ပြီးတော့ ကျွန်တော်ကြိုက်တတ်တဲ့ အစားအစာတွေ ဘယ်ဆိုင်မှာ ရနိုင်ကြောင်း၊ ကျွန်တော်ဝတ်နေကျ အင်္ကျီဟာ ဘာနံပါတ်၊ ဘယ်တံဆိပ်ဖြစ်ကြောင်း ဘယ်ဆိုင်မှာဝယ်နိုင်ကြောင်း ပြောပြတယ်။ မဆုံးခင်သုံးရက်အလိုမှာ အဝတ်လျှော်စက်ကို ဘယ်လိုသုံးကြောင်း ကျွန်တော့်ကို သူ သင်ပြသွားခဲ့သေးတယ်။ မဆုံးခင်ရက်အတွင်းမှာ ကျွန်တော်နဲ့လက်ထပ်ရလို့ သူပျော်ရွှင်တဲ့အကြောင်းတွေပါ ပြောသွားသေးတယ်။ ဆေးသွားကုတဲ့ ၃လဟာ သူ့တစ်သက်မှာ အပျော်ဆုံးနေ့ရက်တွေပါတဲ့။ အဲဒီ ၃လဟာလည်း ကျွန်တော်ဘဝမှာ တန်ဖိုးအရှိဆုံး အချိန်တွေပါ။ ၃လအတွင်းမှာ ရာထူးတိုးဖို့အခွင့်အရေး၊ ငွေကြေးတွေကို ကျွန်တော် လက်လွတ်ဆုံးရှုံးခဲ့ရတယ်ဆိုပေမယ့် မိန်းမနဲ့အတူနေခဲ့ရတာတွေနဲ့ နှိုင်းယှဉ်ကြည့်ရင် အဲဒါတွေဟာ အပိုပစ္စည်းဖြစ်သွားခဲ့တယ်။ ကံကောင်းလို့ ကိုယ်ချစ်တဲ့သူနဲ့ ရင်းရင်းနှီးနှီး စိတ်ချင်းဆက်ပြီး ၃လ ကျွန်တော်နေခဲ့နိုင်သေးတယ်။ ဆုံးတဲ့နေ့မှာ သူတည်တည်ငြိမ်ငြိမ်ပဲ ထွက်သွားခဲ့တယ်။ သားကို "မေမေတခြားနေရာသွားပြီး ဖေဖေတို့ကိုစောင့်နေတာ၊ ဖေဖေတို့လည်း မေမေနဲ့တွေ့ဖို့ အဲဒီနေရာကို တစ်ချိန်ချိန်မှာ သွားကြရလိမ့်မယ်" လို့ ကျွန်တော်ပြောပြတယ်။ သူဆုံးပြီးနောက်ပိုင်း တခြားမိသားစုတွေ ပျော်ပျော်ပါးပါး သွားလာနေတာကို ကျွန်တော်မကြည့်ရဲခဲ့ဘူး။ သူနဲ့ ပထမဆုံးအကြိမ်ဆုံခဲ့တဲ့ ပန်းခြံလေးရှေ့ဖြတ်တိုင်း၊ ရုပ်ရှင်ရုံရှေ့ဖြတ်တိုင်း၊ ဈေးဝယ်အတူထွက်ခဲ့တဲ့ ကုန်တိုက်ရှေ့တွေဖြတ်တိုင်း ကျွန်တော်မအောင့်နိုင်ဘဲ မျက်ရည်ကျမိတယ်။ အဝတ်လျှောက်စက်သုံးတိုင်း၊ ထမင်းဟင်းချက်တိုင်း၊ သားကို အဝတ်လဲပေးတဲ့အခါတိုင်း၊ အလုပ်နောက်ကျဆင်းလို့ ခေါက်ဆွဲပြုတ်စားတဲ့ ညတိုင်း၊ ညသန်းခေါင် နိုးလာတဲ့အခါ အိပ်ရာဘေးက ဟာလာဟင်းလင်းဖြစ်နေတဲ့ နေရာကိုမြင်တိုင်း ကျွန်တော်ငိုမိတယ်။ သူရှိနေတဲ့အချိန်မှာ ဒါတွေကို ကျွန်တော် မခံစားတတ်ခဲ့ဘူး၊ ဒါတွေကို ခံစားရကောင်းမှန်းလည်း မသိခဲ့ဘူး။ သူမရှိတော့မှ ကောင်းကင်တစ်ခုလုံး ပြိုကျခဲ့သလိုပါပဲ.. အရင်က ကြည့်ခဲ့တဲ့ရုပ်ရှင်တွေထဲမှာ ချစ်သူဆုံးလို့ ငိုတဲ့ယောက်ျားတွေကိုတွေ့တိုင်း ဒါဟာ သရုပ်ဆောင်ချက်သက်သက်လို့ ကျွန်တော်ထင်ခဲ့တယ်။ ခုတော့ ကျွန်တော်ငိုနေရပြီ။ လမ်းဘေးမှာရပ်ထားတဲ့ သွေးလှူကားတွေကို မြင်တိုင်း သူ့ကို ကျွန်တော်သတိရမိပြန်တယ်။ ကျွန်တော်သွေးလှူပြီး အိမ်ပြန်ရောက်တာနဲ့ သွေးအားကောင်းစေမယ့် ဟင်းတွေကို သူချက်ထားတတ်တယ်။ သားကိုလည်း "ဒီအိမ်မှာ ပိုက်ဆံရှာရတဲ့ ဖေဖေက အပင်ပန်းဆုံး ဒါကြောင့် ဖေဖေက အရေးအပါဆုံး" လို့ ပြောပြတတ်တယ်။ တကယ်တော့ သူသာလျှင် အရေးပါဆုံး လူတစ်ယောက်ပါ။ သူမရှိတော့ ကျွန်တော်တို့သားအဖမှာ ပျော်ရွှင်ခြင်းကို စွန့်လွတ်လိုက်ရတယ်။ သူဆုံးတော့ သူအုတ်ဂူမှတ်တိုင်မှာ "ချစ်ဇနီး"လို့ ကျွန်တော်ရေးထိုးခဲ့တယ်။ ကျွန်တော်ဟာ ရင်ထဲကခံစားချက်ကို အလွယ်တကူ လှစ်ဟပြတတ်သူ မဟုတ်ခဲ့ဘူး။ သမီးရည်းစားဖြစ်တုန်းကလည်း သူ့ကို "ချစ်"ကြောင်း ကျွန်တော်သိပ်မပြောဖြစ်ခဲ့ဘူး။ အခုတော့ အဲဒီ"ချစ်"ဆိုတဲ့စာလုံးကို အုတ်ဂူပေါ်မှာပဲ ရေးထိုးပေးနိုင်ခဲ့တော့တယ်။ မိန်းကလေးတိုင်းက "ချစ်တဲ့အကြောင်းကို" သူချစ်တဲ့လူရဲ့ ပါးစပ်ထဲကနေ ထွက်လာတာကိုပဲ နားထောင်ချင်ခဲ့ကြတယ်။ သူမျှော်လင့်တဲ့အချိန်၊ သူကျန်းမာတဲ့အချိန်မှာ ဘာဖြစ်လို့ ကျွန်တော်မပြောခဲ့ရတာလဲ! အခုချိန်မှာ ကျန်းမာပြီး ပျော်ရွှင်တဲ့မိသားစုကို ပိုင်ဆိုင်ထားတဲ့ ယောက်ျားတွေကို ကျွန်တော်မှာချင်ပါတယ်။ ခင်ဗျားတို့ရဲ့ မိန်းမကို ခင်ဗျားတို့ ကောင်းကောင်းချစ်ပါ။ မိန်းမအတွက် အချိန်အနည်းငယ် ချန်ထားပေးကြပါ။ ခင်ဗျားအတွက် သူလုပ်ပေးသမျှကို လျစ်လျူမရှူလိုက်ကြနဲ့။ ဆုံးရှုံးသွားမှ သူ့အလှအပ၊ သူ့ကောင်းကွက်ကို မနှမြောကြနဲ့... ဇနီးမယား၊ မိန်းမဆိုတာ လောကကြီးမှာ ခင်ဗျားကို အချစ်ဆုံး၊ နားအလည်ဆုံးလူပါ။ ခင်ဗျားအတွက် အရာရာကို စွန့်ရဲတဲ့သူပါ၊ ဘယ်ယောက်ျား မိန်းမအချစ်တွေနဲ့ ဇနီးမောင်နှံနှစ်ဦးရဲ့အချစ်ကို မနှိုင်းယှဉ်ကြပါနဲ့လို့ ......

MYANMAR PROVERBS (မြန်မာစကားပုံများ)

Adjust burden to strength, like arrow to bow.           
တန်နှင့်အားကို လေးနှင့်မြှားကဲ့သို့ ညီအောင်လုပ်ပါ။

Although cowardly be slow to run. 
မရဲသော်လည်း ပြေးခဲစေ။

The anger of the prudent never shows.
ပညာရှိအမျက် အပြင်မထွက်။

Arrows all gone before the battle begins.
စစ်မရောက်ခင် မြှားကုန်။

As the doe gives birth to a fawn the tiger eats it. သမင်မွေးရင်း ကျားစားရင်း။
As to eating it, will it is covered with grit; but as to throwing it away, well, it is rich and luscious. 
စားရမှာလည်း သဲတရှပ်ရှပ်၊ လွှင့်ပစ်ရမှာကလည်း အဆီနဲ့ တ၀င်းဝင်း။

As you are fated to eat honey, bees swarm in your beard.
စားရကံကြုံတော့ မုတ်ဆိတ်ပျားစွဲ။

Ask when you don't know, wash when you're dirty. မသိလျှင်မေး၊ မစင်လျှင်ဆေး။
At the sight of fresh fish away goes the roast.
ငါးစိမ်းမြင်၊ ငါးကင်ပစ်။

Bad children? Blame the parents.
သားသမီးမကောင်း မိဘခေါင်း။

The black elephant dare not look at the royal white elephant's face.
ဆင်ဖြူမျက်နှာ ဆင်မည်း မကြည့်ဝံ့။
Being afraid of the tiger he takes refuge with the lork Spirit, but the lord Spirit is worse than the tiger. ကျားကြောက်လို့ ရှုင်ကြီးကိုး၊ ရှင်ကြီး ကျားထက်ဆိုး။
The bigger the tiger, the bigger the pug-marks.
ကျားကြီးတော့ ခြေရာကြီး။


A blind fowl came upon the rice-pot . ကြက်ကန်း ဆန်အိုးတိုး။
The blind man is not afraid of ghosts.
မျက်ကန်းတစ်ဆေမကြောက်။

The care of one daughter equals that of a thousand cattle.
သမီးတစ်ကောင် နွားတစ်ထောင်။

The cat jumps with joy when the forest is on fire.
တောမီးလောင် တောကြောင် လက်ခမောင်းခတ်။

Cheeks shinning because of gold earrings.
ရွှေနားကပ်ရောင်ကြောင့် ပါးပြောင်။

Clear water cannot be obtained from a well that has just been dug.
ခု ရေတွင်းတူး၊ ခု ရေကြည်သောက်၍ မရ။

Day will not break for a hen's cackle; it will break only for a cock's crow.
ကြက်မတွန်၍ မိုးမလင်း၊ ကြက်ဖတွန်မှ မိုးလင်းသည်။

Desire for haste is delay.
အရင်လို အနှေးဖြစ်။

Discard only bad baskets and punnets, not bad sons and daughters.
တောင်းစုတ် ပလုံးစုတ်သာ ပစ်ရိုးထုံးစံ ရှိသည်။ သားဆိုးသမီးဆိုးကို ပစ်ရိုးထုံးစံမရှိ။

Do not spare a bullock or a wife. 
မယားနဲ့နွား မသနားနဲ့။

Do not tread on a heap of thorns because you have faith in you karma. ကံယုံ၍ ဆူးပုံမနင်းနဲ့။
Eat a section of garlic; you smell of garlic. Eat two sections; you smell the same.
တစ်တက်စားလည်း ကြက်သွန်၊ နှစ်တက်စားလည်းကြက်သွန်။

Eczema comes on the teprous place.
နူရာ ၀ဲစွဲ။

An ember about to blaze glows brightly. တောက်မည့်မီးခဲ တရဲရဲ။
Empty pockets, empty promises.
ငွေမရှိ စကားမတည်။

An error may go on for ever, but it can be set right in a moment.
ပျက်အစဉ် ပြင်ခဏ။

Even if you do not love him (her), hold your breath and kiss him (her), even if yor do not kiss him (her), heave a sigh. မချစ်သော်လည်း အောင့်ကာနမ်း၊ နမ်းသော်လည်း ပင့်သက်ရှူ။
Falling face downwards in the front of the tiger.
ကျားရှေ့ မှောက်ရက်လဲ။

Fetching water in an open wicker basket. ခြင်းကြားနဲ့ ရေသယ်။
Flipping sesamum seeds into an elephant's mouth. 
ဆင်ပါးစပ် နှမ်းပက်။

A floor which has no binding is in disorder. အကွပ်မရှိကြမ်း ပရမ်းပတာ။
Fondle a dog and it will lick your face.
ခွေးကလေး အရောဝင်တော့ ပါးလျက် နားလျက်။

The future price will be fixed in the future; sell it at the current price. နောင်ခါလာ နောင်ခါဈေး။
Going to plough and forgetting the catte.
လယ်ထွန်သွား နွားမေ့။

A good beginning ensures a satisfactory ending. 
အစကောင်းမှ အနှောင်းသေချာ။

A good tree can lodge ten thousand birds.
သစ်တစ်ပင်ကောင်း ငှက်တစ်သောင်းနားနိုင်။

Grass depends on the island, the island on the grass. 
ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ။

Great desire obtains little. အလိုကြီးက အရနည်း။
Guests only come to a happy house.
 အိမ်သာလို့ ဧည့်လာ။

He asked for bones because he wants flesh.
အသားလိုလို့ အရိုးတောင်း။

He breathes through someone else's nose.
သူများနှာခေါင်းပေါက်နဲ့ အသက်ရှု။

He calls her aunt only when her cucumber fruits.
ဘူးသီးသီးလို့ အရီးတော်။

He climbs up the pole of the morquee to show his alms-giving. အလှူ့ရှင်မှန်းသိအောင် မဏ္ဍပ်တိုင်တက်ပြ။
He does not catch the monitor lizard and he has lost his chopper.
 ဖွတ်မရ ဓားမဆုံး။

He dropped a fish-hook whenever the fish sent up bubbles (expecting to catch it).
ငါးပွက်ရာ ငါးစာချ။

He leans on a white elephant and sucks sugar-cane. ဆင်ဖြူတော်မှီ၍ ကြံစုပ်။
 He lives in the bushes but his spirits is in the heavens.
လူနေချုံကြား စိတ်နေဘုံဖျား။

He may be poor, however intelligent he may be, if he has no karma. ကံမရှိ ဥာဏ်ရှိတိုင်းမွဲ။
He praises the pickling of his own fish. 
ကိုယ့်ငါးချဉ် ကိုယ်ချဉ်။

He rides without knowing whether it's a stallion or mare.
ကိုယ်စီးတဲ့မြင်း အထီးမှန်းအမမှန်း မသိ။

 He tries to establish relationship with a person only when the person has gold.
ရွှေရှိမှ အမျိုးတော်။

He was all right when he was sitting; only when he got up did I realize he was lame. ထိုင်နေတော့ အကောင်းသား၊ ထသွားမှ အကျိုးမှန်းသိ။
He who talks isn't strong; he who's strong doesn't talk.
လူပြောမသန်၊ လူသန်မပြော။

He would like to ride a difficult buffalo but hasn't enough courage.
မရဲဘဲ ကျွဲပြဲစီးချင်။

His mouth say; "Buddha Buddha, " but his hand acts contrariwise.
ပါးစပ်က ဘုရား ဘုရား၊ လက်က ကားယား ကားယား။

Husband and wife are like tongue and teeth. 
လင်နဲ့မယား လျှာနဲ့သွား။

I have no money to pay the debt and no land abscond to.
ပေးစရာ ငွေမရှိ၊ ပြေးစရာ မြေမရှိ။

If a needle can pierce it don't chop with an axe.
အပ်ဖြင့် ထွင်း၍ရလျှင်၊ ပုဆိန်ဖြင့် မခုတ်ရ။

If the beginning is good, the end must be perfect. အစကောင်းလျှင် အနှောင်းသေချာမည်။
If the cattle are scattered the tiger seizes him. 
နွားကွဲလျှင် ကျားဆွဲမည်။

If the fire is greater the fire wins; if the water is greater the water wins. 
မီးများ မီးနိုင်၊ ရေများ ရေနိုင်။

If the thorn falls the leaf is pierced; if the leaf falls the leaf is pierced.
ဆူးပေါ်ဖက်ကျလျှင် ဖက်ပေါက်သည်။ ဖက်ပေါ်ဆူးကျလျှင် ဖက်ပေါက်သည်။

If there is a question, there is also an answer. 
အမေးရှိလျှင် အဖြေရှိသည်။

If you carry the world" No" with you, you will never be poor even in old age.
ဘူးတစ်လုံးဆောင် အိုတောင်မဆင်းရဲ။

If you do not know, ask; if it not clean, wash.
မသိလျှင်မေး၊ မစင်လျှင်ဆေး။

If you don't believe me , ask my wife. 
မယုံရင် ငါ့မယားကိုမေး။

If you want to go fast, go the old road.
အလျင်လို လမ်းအိုလိုက်။

If you desire is great you obtain little. 
အလိုကြီးက အရနည်းသည်။

Ignorance is more troubles me than poverty. 
 မရှိတာထက် မသိထာခက်သည်။

In a basket it is the binding, in a man it is his clothes.
တောင်းမှာအကွပ်၊ လူမှာအ၀တ်။

In a forest where there is no heart-wood the castor-oil plant rules. 
အနှစ်မရှိတဲ့တော ကြက်ဆူပင် မင်းမူ။

In another's eyes, but in his own eyes he sees no dirt.
 အခြားလူများ၏ မျက်ချေးကိုမြင်၍ ကိုယ့်မျက်ချေးကိုယ်မမြင်။

In journeying at improper time, one step; in eating improper food, one mouthful is sufficient to course mishap.
အစားမတော် တစ်လုပ်၊ အသွားမတော် တစ်လှမ်း။

It is for bird to fly and die; it is for man t5o scheme and die.
 ငှက်သည် ပျံရင်းသေသည်။ လူသည် ကြံရင်းသေသည်။

It's like threading a dog's crooked tail through a joint of bamboo.   ခွေးမြီးကောက် ကျည်တောက်စွပ်သလို။
Just as the breeze carries the flower's fragrance, so do men carry men's news.
ပန်းသတင်း လေညှင်းဆောင် လူသတင်း လူချင်းဆောင်။

Just when he wants to cry you touch him.
ငိုချင်လျက် လက်တို့။

Karma is the mother and karma is the father.
 ကံသာလျှင် အမိ၊ ကံသာလျှင် အဖ။

 Karma watches over your property; your intellig- ence watches over your life.
ဥစ္စာကံစောင့်၊ အသက်ဥာဏ်စောင့်။

A lazy man lies flat on his back, a lazy woman stretches out her legs.  ယောက်ျားပျင်းတော့ ကျောခင်း၊ မိန်းမပျင်းတော့ ခြေဆင်း။
 Let enmity stops short, but love lingers on.    ချစ်စကို ရှည်စေ၊ မုန်းစကို တိုစေ။
Let them know about it but not see it.
   သိတာသိစေ မမြင်စေနဲ့။

 Like father and grandfather alike.   ဘမျိုးဘိုးတု။
Loss of good is one day spoiled; loss of a hrsband is a ruined life.
 ကုန်ရှုံးတော့ တစ်ရက်၊ လင်ရှုံးတော့ တစ်သက်။

A man does not lose his life if the time at which he is fated to die is not arrived.   သေနေ့မစေ့သေးလျှင် မသေ။
The man from hell is not afraid of hot ashes.   ငရဲကလူ ပြာပူမကြောက်။
Mice cease to fear the cat when she is too old.   ကြောင်အို ကြွက်မလေး။
Minds together, bodies apart.
 စိတ်ပေါင်းကိုယ်ခွာ။

Moderation is medicine, excess is peril.
 လွန်ရင်ဘေး၊ တန်ရင်ဆေး။

The moon shinning in the hollow of the bamboo.   ၀ါးလုံးခေါင်းထဲ လသာ။
More money always wins the cause.  ငွေများ စကားနိုင်။
A motherless son is a fish in low water.
အမိမဲ့သား ရေနည်းငါး။

Near a fisherman one is a fisherman; near a hunter a hunter.
  တံငါနားနီး တံငါ၊ မုဆိုးနားနီး မုဆိုး။

No lawyer is infallible, nor a doctor immortal.
 မမှားသော ရှေ့နေ၊ မသေသော ဆေးသမား။

The oar broke while the boat was going.
 လှေလှော်ရင်း တက်ကျိုး။

Offering a sword-hilt to a thief.    သူခိုး အရိုးကမ်း။
Old bullocks are partial to tender grass.
နွားအို မြက်နုကြိုက်။

Once you have died you know how to lay out the corpse.
 တစ်ခါသေဖူး ပျဉ်ဖိုးနားလည်။

One can but fall to earth or rise to the golden umbrella.  သေမြေကြီး ရှင်ရွှေထီး။
One capable many and a force of ten thousand was crushed.
   တစ်ယောက်ကောင်းက တစ်သောင်းဗိုလ်ခြေ ညက်ညက်ကြေ။

One day, six feet, where will Bagan move to ?   တစ်နေ့တစ်လံ ပုဂံဘယ်ရွေ့။
One day to die, and one day to born.  သေတစ်နေ့ မွေးတစ်နေ့။
One in a thousand mothers bears such sons.  မတစ်ထောင် တစ်ကောင်ဘွား။
One mouthful of unsuitable food, one imprudent step may lead to peril.  အစားမတော်တစ်လုပ်၊ အသွားမတော် တစ်လှမ်း။
One needs a full stomach to keep the precepts. အူမတောင့်မှ သီလစောင့်နိုင်မည်။
One seasum seed will not make oil.
 နှမ်းတစ်စေ့နှင့် ဆီမဖြစ်နိုင်။

One should not open the mouth for a presentation cow and look at the teeth.    အလကားရသည့်နွားကို သွားဖြဲမကြည့်သင့်။
One's bed is a throne if one thinks to be so.  ကိုယ်ထင်လျှင် ခုတင်ရွှေနန်း။
Only the sufferer knows how his belly aches.
  ကိုယ်ဝမ်းနာ ကိုယ်သာသိ။

Only when the thief has run away do the tatto spots show their power.
 သူခိုးပြေးမှ ထိုးကွင်းထ။

Picking up frogs with a perforated bag.
 ပလိုင်းပေါက်နှင့် ဖားကောက်။

Pinning for the aunt rather than the mother.
 အမေကျော် တွေးတော်လွမ်း။

Playing a harp before a buffalo.
  ကျွဲပါးစောင်းတီး။

Pot against pot, the pots will touch; ropes together, the ropes will tangle.
   ကြိုးချင်းထား ကြိုးချင်းထိ၊ အိုးချင်းထား အိုးချင်းထိ။

The price of the hook(goad) is greater than the prick of the elephant.   ဆင်ဖိုးထက် ချွန်းဖိုးကကြီး။
Property is guarded by luck.   ဥစ္စာကံစောင့်။
Rain water leaks through the roof-top. 
ခေါင်က မိုးယို။

Riding on the same boat, going on the same journey.
တစ်လှေတည်းစီး တစ်ခရီးတည်းသွား။

Rubbing liniment on the unaffected spot.
မရောင်ရာ ဆီလူး။

Said to be marrying a captain, she married a sailor.
ကျော်တော့လှေသူကြီး ညားတော့ လှေထိုးသား။

Searching for a lime before he gets the hare. ယုန်မရခင် သံပရာရှာ။
Seeing the bark you know the tree; seeing his expression you know his character.
အပွေးမြင် အပင်သိ၊ အသွေးမြင် အသွင်သိ။

Setting fire to the grannary because one cannot beat the mice. 
ကြွက်မနိုင် ကျီမီးနဲ့ရှို့။

She wears the flower when it has a sweet scent, but disards it when it has lost its scent.
မွှေးလျှင်ပန်၊ နံလျှင်ပစ်။

Silence is worth a thousand pieces of silver. ဆိတ်ဆိတ်နေ ထောင်တန်။
The snare was set to catch a hare but the cat was caught.
ယုန်ထောင် ကြောင်မိ။

The son is one month older than his father.
  အဖေထက် သားတစ်လကြီး။

The stick falls on the sore.
အနာပေါ် တုတ်ကျ။

Store up the water while it rains.
The strongest young bullock is only as strong as an old bullock with a broken leg.
နွားပျိုသန်လှ နွားအိုပေါင်ကျိုးသလောက်ပဲ ဖြစ်သည်။

Sugar-cane is sweet always, man only sometimes. ကြံသည် အစဉ်ချိုသော်လည်း လူသည် အစဉ် မချို။
Taking shelter in the shade of a tree and breaking off the branches.
အရိပ်နေနေ၊ အခက်ချိုးချိုး။

Teaching a monk to read; showing an alligator king the water business.
ဘုန်းကြီးစာချ၊ မိကျောင်းမင်း ရေခင်းပြ။

Teasing eventually turns to quarrel.
အကျီစားသန်လျှင် ရန်ဖြစ်သည်။

Teeth that are going to chew for a long time must aviod bones. 
ကြာကြာဝါးမယ့်သွား အရိုးကြည့်ရှောင်။

A thing floats when it gets rotten; the news, if not true will not spread.
ပုပ်လျှင်ပေါ်၊ ဟုတ်လျှင်ကျော်။

Those who are unaware walt over it, those who are aware unearth it and eat it.
မသိသူကျော်သွား သိသူဖော်စား။

Throwing sand at the meat he cannot eat. 
မစားရတဲ့အမဲ သဲနှင့်ပက်။

The tiger who courts death moves to another jungle.
သေချင်တဲ့ကျား တောပြောင်း။

Timidity relieves one of responsibitity.
ကြောက်တတ်လျှင် ၀န်ကင်းသည်။

To be ignorant is worse than being poor. မရှိတာထက် မသိတာခက်။
To dig one's grave with one's own hands.
ကိုယ့်သေတွင်း ကိုယ်တူး။

Too many doctors and the son dies. ဆရာများ သားသေ။
Too much carp makes the curry in stupid.
ငါးသိုင်းများ ဟင်းဟုံ။

Too much talk will include errors. 
စကားများလျှင် အမှားပါမည်။

The top of a pinnade now, firewood soon. မှန်ကင်းတစ်လှည့် ထင်းတစ်လှည်။
Travelling by raft and yet thirsty.
ဖောင်ဆီးရင်း ရေငတ်။

Trust a slave you lose an eye; trust your childrin you lose both. ကျွန်ယုံတော့ တစ်လုံးကန်း၊ သားသမီးယုံတော့ စုံလုံးကန်း။
Unitl timber is available, use bamboo as a girder. သစ်မရခင် ၀ါးကူ။
A village ox does not feed on village grass. ရွာနားကမြက် ရွာနွားမစား။
Water falling into sand.
သဲထဲ ရေသွန်။

Wax will show the quality of gold. 
ရွှေအကြောင်း ဖယောင်းသက်သေတည်။

When an elephant shrinks it's still a buffalo.
ဆင်ပိန်တော့ ကျွဲ။

When diamonds are being sold, the tobacco-stalk verchant is in the way. စိန်ကောင်းကျောက်ကောင်း ရောင်းနေသည့် အခါ၌ ဆေးရိုးသည်က ကန့်လန့်ကန့်လန့်။
When I work for my living the rains are sconty, when I sted for my living the dogs bark.
လုပ်စားတော့ မိုးခေါင်၊ ခိုးစားတော့ ခွေးဟောင်။

When in agony a mother will even deny being related to her son.
ကိုယ်မချိ အမိသော်လည်း သားတော်ခဲ။

When the disease is not known there is no remedy. အနာမသိ ဆေးမရှိ။
When your strength is not sufficient, humble yourself. အားမတန် မာန်လျှော့။
Where there is a question, there must be an answer.
အမေးရှိလျှင် အဖြေရှိရမည်။

While being troubled by snakes, he is harassed by centipedes. မြွေပူရာ ကင်းမှောင့်။
The whole boat is putrid because of a single carp.
ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ်။

A woman's modesty cannot be bought with gold.
မိန်းမတို့အိန္ဒြ ရွှေပေး၍မရ။

You will face a hundred peoblems in your lifetime though you may not live that long.
အသက်တစ်ရာမနေရသော်လည်း အမှုတစ်ရာတွေ့ရ။

သူငယ်ချင်း၊ ၀တ္ထုတို တစ်ပုဒ်ပါ Thinking ကတော်တော်ကောင်းတယ်၊

သန်းခေါင်ယံ ည(၁၂)နာရီတွင် အင်တာနက်ပေါ်သို့ သူတက်အလာကို စောင့်နေတတ်သည်မှာ ကျွန်မအတွက် အကျင့်တစ်ခုလို ဖြစ်နေသည်။ အခန်းထဲတွင် မီးများကို ပိတ်ပြီး ကျွန်မတစ်ယောက်တည်း ထိုင်နေမိသည်။ ကွန်ပျူတာ screen ပေါ်မှ ဖြာကျလာသော ပြာလဲ့လဲ့ မီးရောင်မှလွဲ၍ အခန်းတစ်ခုလုံး မှောင်အတိကျနေသည်။ သူ၏ screen name မှာ (midnight)ဖြစ်ပြီး သန်းခေါင်ယံည(၁၂)နာရီတိတိတွင် online ပေါ်သို့ တက်လာတတ်သည်။ ကျွန်မမှာ ညတွင်မအိပ်ဘဲ အင်တာနက်ပေါ်တွင် ခြေဆန့်နေတတ်သော ဇီးကွက်တစ်ကောင်ဖြစ်သည်။ ပထမဆုံးအကြိမ် ကျွန်မဆီပို့သော သူ၏ message မှာ ထိုစာကြောင်းလေးဖြစ်သည်။
"အင်တာနက်ကို မုန်းတယ်.... မိန်းမတွေကို မုန်းတယ်... ကိုယ့်ကိုယ်ကို အမုန်းဆုံးပဲ"
ထိုစာကြောင်းကို ဖတ်ပြီး ကျွန်မစိတ်ဝင်စားသွားမိသည်။ ကျွန်မလည်း ဘာလုပ်ရမှန်းမသိ ပျင်းနေသည့် အချိန်မို့ စာတစ်ကြောင်းရိုက်ပြီး ပို့လိုက်မိသည်။ ကျွန်မပို့သော စာကိုဖတ်ပြီး သူပေါက်ကရထပ်ပြောတော့မည် မဟုတ်ဟု ကျွန်မတွေးမိသည်။

"ကိုယ့်ကိုယ်ဒီလောက်မုန်းနေရင် သွားသေလိုက်ပါလား"
သို့သော် တစ်မိနစ်မျှပင် မကြာလိုက်....
"ဟုတ်တယ်.. ကျွန်တော်က အခုသရဲလေ"
"ဟား....သရဲဖြစ်ရတာပျော်လား"
"ကျွန်တော် မပျော်ပါဘူး။ ကိုယ့်ကိုအဆုံးစီရင်မိတဲ့အတွက် ကျွန်တော်မကျွတ်ဘူး"
"ဟား...ဟား.. အချစ်အတွက်ကြောင့်လား"

ဒီလိုနှင့် စာတွေ အပြန်အလှန်ပို့ကြရင်း သူနှင့် ကျွန်မ online သူငယ်ချင်း ဖြစ်သွားကြသည်။ သူသည် သူ့ကိုယ်သူ တစ္ဆေတစ်ကောင်အဖြင့် သတ်မှတ်ထားသော ယောကျာ်းလေးတစ်ယောက် ဖြစ်သည်။ သူသည် ညတိုင်း သန်းခေါင်ယံအချိန်တွင် တိကျစွာ
online ပေါ်သို့ ရောက်လာတတ်သည်။ ထိုအပြုအမှုများကြောင့် သူ့ကို အံ့သြထိန့်လန့်စွာ ကျွန်မပိုစိတ်ဝင်စားမိသည်။ တစ္ဆေသရဲ အင်တာနက် သုံးပါ့မလား... ဒါဟာ တိုက်ဆိုင်တဲ့ နောင်ပြောင်မှု တစ်ခုပဲဖြစ်မည်ဟု ကျွန်မ ဖြေသိမ့်မိသည်။ သူသည် အရင်ကတည်းက ကျွန်မ၏ရုပ်ရည်ကို မြင်ဖူးထားသည့်အလား ဘယ်တော့မှ ကျွန်မ၏ ပုံပန်းသဏ္ဍာန်ကို မမေးဖူးခဲ့။ တစ်ခါတရံ သူသည် ကျွန်မဘေးတွင်ရှိနေခဲ့ပြီး ကျွန်မကို ထိုင်ကြည့်နေသည်ဟု ခြောက်တတ်သေးသည်။

"ကျွန်မ အခုဘာလုပ်နေလဲ"
တစ်ခါတရံ နောက်ပြောင်ပြီး သူ့ကို ကျွန်မမေးဖူးသည်။ ခဏမျှ သူနှုတ်ဆိတ် နေတတ်ပြီး...
"တော်ပါပြီ... ကျွန်တော်မပြောချင်ဘူး.. ပြောလိုက်ရင် လန့်သွားဦးမယ်"
"ကော်ဖီတွေ သိပ်မသောက်နဲ့လေ"
"ပုံဆိုးပန်းဆိုး ထိုင်မနေနဲ့လေ"
တစ်ခါတရံ ကျွန်မ မျှော်လင့်မထားသော စကားများကို သူပြောတတ်သည်။ ထိုစာရသော အချိန်တွင် တိုက်ဆိုင်စွာ ကျွန်မမှာ ကော်ဖီသောက်နေသည့်အချိန် (သို့) ထိုင်ခုံပေါ်တွင် ခြေအစုံကို စုတင်ပြီး ငုတ်တုတ်ထိုင်ကာ ကျွန်ပျူတာကို စိုက်ကြည့်နေသည့် အချိန်ဖြစ်သည်။

ကျွန်မနှင့် chatting လုပ်နေသော အချိန်များတွင် သူ့ဘ၀နောက်ကြောင်းကို ပြောပြတတ်သည်။ သူသည် အသက်(၂၃)နှစ်ဖြစ်ပြီး chat room ထဲမှ မေ"ဟုခေါ်သော မိန်းကလေးတစ်ယောက်ကို အစွဲအလမ်းကြီးစွာ ချစ်မိခဲ့ကြောင်း၊ မေ"ကြောင့် သူ့ကိုယ်သူ အဆုံးစီရင်မိကြောင်း၊ အင်တာနက်ကို ပထမဦးဆုံး ထိတွေ့မိသည့် သူ့အဖို့ chatting ဟုခေါ်သော အင်တာနက် စကားဝိုင်း၏ လှည့်စားမှုကို နားမလည်ခဲ့ကြောင်း၊ မေ"၏ဖော်ရွေသော အပြောအဆိုများပေါ်တွင် သူသာယာမိကြောင်း ကျွန်မကို ပြောပြတတ်သည်။ အင်တာနက်တွက် ဆရာတစ်ဆူလို ဖြစ်နေသော မေ"မှာ သူ မသိနားမလည်သည်များကို သင်ပြတတ်သည်။ မေ"၏ နွေးထွေးသော အပြောများကြောင့် chatroomထဲ သူအမြဲဝင်ဖြစ်ခဲ့သည်။ 
chatroom ထဲဝင်တိုင်း မေ"မှလွဲ၍ မည်သူနှင့်မျှ သူစကားမပြောပေ။

"ကျွန်တော် မေ့ကို ချစ်တယ်.... ကျွန်တော်ရဲ့ အင်တာနက်ချစ်သူ လုပ်နိုင်မလား"
"အင်တာနက် ချစ်သူအတွက် ဘာကောင်းကျိုးရှိလဲ"
"ကျွန်တော့်မှာ မေကိုပေးဖို့အတွက် အချစ်တွေ အပြည့်ရှိပါတယ်"
"အချစ်... အဟား... မေမှာ ပေါလွန်းလို့ကွယ်"
"ဒါဆို မေလိုချင်တာ ကျွန်တော်အကုန်ပေးမယ်"
"အသက် ယူမယ်ဆိုရင် ပေးနိုင်မလား"
"ကောင်းပြီလေ"

မေ"၏အချစ်ကို ရဖို့အတွက် အရာရာကို သူစွန့်လွတ်ရဲခဲ့သည်။ မေ"၏ စကားလုံး ချိုချိုလေးများကြား သူမိန်းမော သာယာနေခဲ့မိသည်။ ကြာတော့ အင်တာနက်ထဲတွင် ပြောရသည်ကို သူ အားမရတော့။ မေ"ကို အပြင်လောကတွင် သူတွေ့ချင်လာသည်။ လူကိုယ်တိုင်တွေ့ပြီး မေ"ကို ပွေ့ဖက်နမ်းရှုပ်ချင်မိသည်။ မေ" ကိုအပြင်တွင် တွေ့ရန်၊ ဖုန်းဆက်ခွင့် ပေးရန် သူတောင်းဆိုမိသည်။ မေ"က တောင်းဆိုမှုတွေ များလွန်းနေပြီဖြစ်ကြောင်း၊ တွေ့ခွင့်မပေးနိုင်ကြောင်း အပြင်းအထန် ငြင်းဆန်ခဲ့သည်။ နောက်ပိုင်းတွင် သူ့အပေါ် မေ"၏ဆက်ဆံမှုများက အေးစက်လာခဲ့သည်။ မေ"ပို့လာသော စာကြောင်းများကို ဖတ်ခြင်းဖြင့် သူ့အပေါ်တွင် မေ"စိတ်ကုန်လာပြီဖြစ်ကြောင်း သိသာနေသည်။

ညတိုင်း သန်းခေါင်ယံအချိန်တွင် သူသည် အချိန်တိကျစွာ onlineပေါ်သို့ ရောက်လာပြီး သူနှင့်မေ"၏ ပုံပြင်ကို ကျွန်မအား ပြောပြတတ်သည်။ တစ်ခါတရံ သူ၏လုပ်ရပ်များကို ကျွန်မ မထောက်ခံမိသော်လည်း ညတိုင်း online တက်ပြီး သူပြောသော ပုံပြင်ကို နားထောင်သည့်အလုပ်မှာ ကျွန်မအတွက် မလုပ်မဖြစ် အလုပ်တစ်ခု ဖြစ်လာခဲ့သည်။

"ဘာဖြစ်လို့ မီးမဖွင့်တာလဲ... အလင်းပြန်နေတာ မျက်စိပျက်မယ်နော်"
"ဘာပြောချင်တာလဲ.. ကျွန်မကို ထိုင်ကြည့်နေပြန်ပြီလို့ ခြောက်လှန့်ချင်တာလား"
"ကျွန်တော် တကယ်ထိုင်ကြည့်နေတယ်လေ... ဘာလဲ မယုံသေးဘူးလား"

ကျွန်မ ဘာပြန်ပြောရမှန်း မသိတော့။ တစ်ခါတလေ ကျွန်မကိုယ်တိုင်ပင် အနားတွင် သူရှိနေသည်ဟု ယုံမှား သံသယ၀င်မိတတ်သည်။ ၀ိညာဉ်၏ သံလိုက်ဓာတ်နှင့် အင်တာနက်၏ သံလိုက်လှိုင်းများ တစ်ခါတရံ ဆွဲငင်တတ်သည်ဟု သူငယ်ချင်းများက ပြောဖူးသော်လည်း ကျွန်မ အယုံအကြည် မရှိခဲ့။ ထူးဆန်းသည်မှာ သူ့ကို ကျွန်မနည်းနည်းမှ ကြောက်မနေခြင်းပင်ဖြစ်သည်။

"ခင်ဗျားက ထူးခြားတယ်"
"ဘာဖြစ်လို့လဲ"
"ခင်ဗျား ကျွန်တော့်ကို မကြောက်လို့ ကျွန်တော်က သရဲဆိုတာ တကယ်မယုံလို့လား"
"ကျွန်မ တစ္ဆေသရဲတွေ အယုံအကြည် မရှိဘူး"
သူပြောသမျှကို နားထောင်ပြီး မနက်မိုးလင်းမှ ကျွန်မအိပ်ယာဝင်ဖြစ်သည်။ မနက်ပိုင်းတွင် နေမြင့်မှ ထတတ်သော အကျင့်ကြောင့် ကျွန်မ၏ အတန်းချိန်များကို ညနေပိုင်းတွင်သာ ရွေးထားသည်။ ဒီနေ့အတန်းဆင်းချိန်တွင် ကျွန်မခေါင်းတွေ လေးလံပြီး ကိုယ်လက်မအီမသာ ဖြစ်နေသည်။ အိမ်အရောက် ဆေးသောက်ပြီး midnight online ပေါ်သို့ တက်လာချိန်မှ ထတော့မည်ဟု စိတ်ကူးနှင့် ကျွန်မအိပ်လိုက်သည်။

အိပ်ပျော်ပြီး သိပ်မကြာလိုက် စိတ်ထဲတွင် တကယ့်အဖြစ်လိုလို အိပ်မက်လိုလို ယောက်ျားလေးတစ်ယောက် ကျွန်မအခန်းထဲသို့ ၀င်လာသည်ဟု ခံစားမိသည်။ ကျွန်မထထိုင်ဖို့ ကြိုးစားသော်လည်း ဘယ်လိုမှ ထမရခဲ့။ ထိုယောက်ျားလေးမှာ အပြာနုရောင် ည၀တ်အင်္ကျီကို ၀တ်ဆင်ထားသည်။ ရုပ်ရည်မှာ သန့်ပြန့်နေသော်လည်း မျက်နှာမှာ သွေးဆုတ်ပြီး ဖြူရော်နေသည်။ အကြည့်မှာ နူးညံ့သိမ်မွေ့သည်။ ကျွန်မ ကုတင်နားသို့ ချည်းကပ်လာပြီး ကျွန်မ၏ဆံပင်များကို ပွတ်သပ်နေသည်။ ထို့နောက် ကျွန်မမျက်နှာကို ညင်သာစွာ ပတ်သပ်ပေးပြီး "ကိုယ့်ကိုယ်ကောင်းကောင်း ဂရုစိုက်လေ" ဟုပြောပြီး ပျောက်ကွယ်သွားသည်။ ကျွန်မမျက်စိကို အားယူဖွင့်လိုက်မိသည်။ နာရီကို ကြည့်လိုက်တော့ ည ၁၂နာရီ ၁၀မိနစ်။ ကျွန်မ ကုတင်ပေါ်မှ ခုန်ဆင်းပြီး ကွန်ပျူတာကို အလျှင်အမြန်ဖွင့်လိုက်သည်။ လိုင်းချိတ်နေချိန်တွင် ထိုအဖြစ်အပျက်မှာ တကယ်လား၊ အိပ်မက်လား ဆိုသည်ကို ကျွန်မ တွေးနေမိသည်။ အိပ်မက်ဖြစ်သည်ထားဦး.. ဘာကြောင့် ထိုလူ့ ရုပ်ရှည်ကို ကျွန်မကောင်းကောင်း မှတ်မိနေပါလိမ့်။ ကျွန်မ ဝေခွဲမရဖြစ်နေချိန်တွင် ဖန်သားပြင်ပေါ်တွင် စာတစ်ကြောင်းပေါ်လာသည်။

"ကိုယ့်ကိုယ်ကောင်းကောင်း ဂရုစိုက်လေ"
ကျွန်မ တစ်ကိုယ်လုံး တောင့်တင်းသွားသည်။ အိပ်မက်ထဲက စကားနှင့် တစ်ထပ်တည်းပါလား...
စာကြောင်းရေးပို့လိုက်သူမှာ ကျွန်မနှင့် ညတိုင်း chatting လုပ်နေသော သူ့ကိုယ်သူ တစ္ဆေသရဲပါဟု ပြောသော midnight.... ကျွန်မ အသက်ရှူဖို့ ခေတ္တမေ့နေခဲ့ပြီး ကွန်ပျူတာ ဖန်သားပေါ်က စာကိုသာ မျက်တောင်မခတ် ကြည့်နေမိသည်။ သူဟာ ကျွန်မလို လူစင်စစ်တစ်ယောက်ဖြစ်ကြောင်း ကျွန်မကိုယ်ကျွန်မ အသိပေးနေမိသည်။

"တစ်ယောက်ထဲနေရင် အစာတွေကို ပုံမှန်စားရမယ်လေ"
ကျွန်မ ပြန်မပြောသည်ကို သူသတိထားမိပုံ မရ။ သူပြောချင်တာကို ပြောနေသည်။
"ရှင်အခု ဘယ်မှာလဲ... ကျွန်မ အခန်းထဲမှာပဲလား.. ဟုတ်တယ် မဟုတ်လား" ကျွန်မ ထိန့်လန့်စွာ မေးလိုက်သည်။
"ခင်ဗျား ဘယ်လို အဖြေမျိုးကို လိုချင်လဲ"
"တိကျတဲ့ အဖြေမှန်ကို ကျွန်မလိုချင်တယ်"
"ခင်ဗျား ခရမ်းနုရောင် ည၀တ်အင်္ကျီကို ၀တ်ထားတယ်။ အင်္ကျီအောက်မှာ အိတ်ကပ်လေးနှစ်ခုပါတယ်။ အိတ်ကပ်ပေါ်မှာ လိပ်ပြာပုံဖဲပြားလေးပါတယ်။ စားပွဲခုံပေါ်မှာ ခင်ဗျားသောက်နေကျ ကော်ဖီခွက်လေး တင်ထားတယ်။ ဒီညတော့ ခွက်ထဲမှာ ကော်ဖီ ရှိမနေဘူး။ ခင်ဗျား အိပ်ပျော်သွားလို့ ကော်ဖီမဖျော်ရသေးဘူး။ ဖြစ်နိုင်ရင် ကော်ဖီ မသောက်ပါနဲ့လား.... ခင်ဗျား ဖျားနေပြီ"

ဖန်သားပေါ်က ဆက်တိုက်ပေါ်လာသော စာများကို ဖတ်ရင်း ကျွန်မနှလုံးသွေးများပင် ရပ်တန့်သွားပြီလားဟု ထင်မိသည်။ ကျွန်မဘာမှ ပြန်မပြောနိုင်တော့... ကွန်ပျူတာ ပါဝါခလုတ်ကို အမြန်ဆုံးပိတ်ပြီး ကုတင်ပေါ်သို့ ခုန်တက်ကာ စောင်ကို ခေါင်းမြီးခြုံထားလိုက်သည်။ ကျွန်မဘေးတွင် သူရှိနေသည်။ ကျွန်မ အခန်းထဲတွင် တကယ်ရှိနေခဲ့လို့လည်း ကျွန်မ၏ ၀တ်စားဆင်ယင်မှုတွေ၊ ကျွန်မ၏အကျင့်တွေကို သူသိနေခဲ့ခြင်းဖြစ်သည်။ ညတိုင်း online ပေါ်သို့ ပုံမှန်တက်ပြီး သူ့ကိုစောင့်နေတတ်သော ကျွန်မ၏ တုံးအအ အပြုအမှုများကို သူအရင်ကတည်းက စောင့်ကြည့်နေပုံရသည်။ သူစောင့်ကြည့်နေသည် ဆိုသည့်အတွေးနှင့် ကြောက်စိတ်ကြောင့် ကျွန်မတစ်ကိုယ်လုံး စောင်ထဲတွင် တုန်နေမိသည်။ မည်မျှကြာကြာ တုန်လှုပ်နေမိသည် မသိ။ ညနေက သောက်ထားသော ဆေးအရှိန်ကြောင့် ကျွန်မ တဖြေးဖြေး အိပ်ပျော်သွားသည်။ မှုန်ဝါးဝါး ကျွန်မ၏ မသိစိတ်ထဲတွင် သူသည် ကုတင်ဘေးတွင် ထိုင်ရင်း ကျွန်မအား ကရုဏာသက်စွာ ကြည့်နေသည်။ နောက်တွင် ကျွန်မ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတော့သည်။

မနက်နိုးလာသည့် အချိန်တွင် ကျွန်မ အပူချိန်တက်နေသည်။ တစ်ကိုယ်လုံး ပျော့ခွေနေပြီး လမ်းလျှောက်ဖို့ရန် အင်အားပင် မရှိတော့။ ညတုန်းက အဖြစ်အပျက်ကို ပြန်စဉ်းစားမိသည်။ သူသည် နေ့ခင်းတွင် ကျွန်မဘေးတွင် ရှိနေမည် မဟုတ်ဟု ထင်မိသည်။ တစ္ဆေသရဲများသည် အလင်းရောင်ကို ကြောက်ကြသည် မဟုတ်ပါလား..။ ကျွန်မ ကုတင်ပေါ်မှ အားယူထလိုက်သည်။ ကော်ဖီဖျော်ရန် ရေနွေးတည်နေရင်း ညက သူပြောခဲ့သော စကားကို ပြန်သတိရမိသည်။

"ဖြစ်နိုင်ရင် ကော်ဖီ မသောက်ပါနဲ့လား.. ခင်ဗျား ဖျားနေပြီ"
ကော်ဖီကို ကျွန်မ ဆက်မဖျော်မိတော့။ ညတုန်းက မြင်ခဲ့ဖူးသော သူ့ပုံရိပ်ကို ကျွန်မမြင်ယောင်မိသည်။ သူသာ တစ္ဆေမဟုတ်ခဲ့လျှင် မိန်းကလေးများ ၀ိုင်းဝိုင်းလည်နေသော ရုပ်ရှည်ရှိသူဖြစ်သည်။ သူ၏ခံစားချက်များကို နားထောင်ပြီး သူ့အပေါ် ကျွန်မ သနားမှုတွေ ပိုသွားပြီလား...သူ့ကို ကျွန်မ ချစ်မိသွားပြီမလား.. တစ္ဆေတစ်ကောင်ကို ကျွန်မချစ်မိသွားပြီလား... ဘယ်လောက် စိတ္တဇဆန်တဲ့ အပြုအမှုလဲနော်...

သူပြောပြဖူးသော သူ့အကြောင်းများကို ကျွန်မပြန်စဉ်းစားမိသည်။ သူ့အပေါ် မေ" ဆက်ဆံရေးကျဲလာခဲ့သည် ဆိုသည့်အထိပဲ ကျွန်မသိခဲ့သည်။ သူ့လို ရုပ်ရည်ချောမောသည့် လူကို မေ" ဘာကြောင့်များ ငြင်းဆန်ခဲ့သလဲ.. ကျွန်မသိချင်လာမိသည်။ သူဘာကြောင့် ကိုယ့်ကိုယ် အဆုံးစီရင်ခဲ့လဲ... "အင်တာနက်ကို မုန်းတယ်.. မိန်းမတွေကိုမုန်းတယ်" ဟုပြောပြီး ဘာကြောင့် ထိုအကြောင်းများကို အင်တာနက်ပေါ်က ကျွန်မအား ပြောပြနေသလဲ.. ကျွန်မသိချင်စိတ် ပိုပြင်းပြလာခဲ့သည်။

ညအမှောင်ထု၏ တဖြေးဖြေး ၀င်ရောက်လာမှုက ကျွန်မစိတ်ကို ပိုလှုပ်ရှားစေခဲ့သည်။ သိချင်စိတ်များကြောင့် ည ၁၁နာရီ မိနစ် ၅၀တွင် ကျွန်မ အခန်းမီးများကို ဖွင့်ပြီး ကွန်ပျူတာရှေ့တွင် ထိုင်နေမိသည်။ မည်မျှပင် သတ္တိရှိသည်ထားဦး တစ္ဆေတစ်ကောင်နှင့် အမှောင်ထဲတွင် ကျွန်မ ထိုင်ရဲမည်မဟုတ်။ ကိုယ်ရောင်ဖျောက်ထားသော တစ္ဆေတစ်ကောင်ကို ကျွန်မ မမြင်မတွေ့နိုင်မှန်း သိနေသော်လည်း တံခါးပေါက်ဘက်သို့ ကျွန်မ မကြာခဏ လှည့်ကြည့်နေမိသည်။ သူ့ကို ကျွန်မစောင့်နေကြောင်း သူ့အား သိစေချင်သေးသည်။

ည ၁၂ နာရီ ၀၁ မိနစ်... နံရံပေါ်တွင် ချိတ်ဆွဲထားသော နာရီလက်တံ၏ တစ်ချောက်ချောက် အသံမှလွဲ၍ တစ်ခန်းလုံး တိတ်ဆိတ်နေသည်။ ဒီည သူလာပါဦးမလား...။မနေ့ညက ကျွန်မ အပြုအမှုကြောင့် ဒီည သူထပ်လာပါ ဦးမလား...

"တစ်ခန်းလုံး မီးတွေ ထိန်နေအောင် ဖွင့်ထားတာ ကျွန်တော့်ကို ကြောက်သွားပြီလား"
သူလာပါပြီ.... ကျွန်မ ၀မ်းသာသွားမိသည်။ သူ့ကိုမေးဖို့ မေးခွန်းတွေ ကျွန်မမှာ အများကြီးရှိသေးသည် မဟုတ်ပါလား..။

"နည်းနည်းတော့ ကြောက်မိပါတယ်"
ကျွန်မ စာပြန်မရိုက်ဘဲ ပါးစပ်က တိုးတိုးလေး ရေရွတ်လိုက်မိသည်။ သူသာ ကျွန်မအခန်းထဲတွင် ရှိနေခဲ့လျှင် ကျွန်မပြောသမျှ သူကြားနိုင်လိမ့်မည်ဟု ကျွန်မထင်သည်။ ယခု အဖြစ်အပျက်မှာ တစ်ယောက်ယောက်က နောက်ပြောင်နေသည်ဟု ကျွန်မ မျှော်လင့်ချင်သေးသည်။

"ခင်ဗျား အရင်က ကျွန်တော့်ကို မကြောက်ပါဘူး။ ကျွန်တော် စိတ်မကောင်းဘူးဗျာ"
"အရင်တုန်းက တစ်ယောက်ယောက်က နောက်ပြောင်နေတယ်လို့ ကျွန်မထင်ခဲ့တယ်လေ။ တကယ့်သရဲဖြစ်မယ်မှန်း တွေးမထားမိဘူး"
"အခု ခင်ဗျား သိပြီလေ။ ကျွန်တော်နဲ့ ဆက်စကားပြောနေဦးမလား"
"အင်း... ပြောမယ်။ ကျွန်မသိချင်တာတွေ မေးရဦးမယ်" ကျွန်မ အသက်ကို ပြင်းပြင်းလေး ရှူသွင်းလိုက်မိသည်။
"မေနဲ့ ရှင့်အကြောင်းကို အစအဆုံး ပြောပြနိုင်မလား"

"မေဟာ ကဝေမတစ်ယောက်ပါ။ လှည့်စားတတ်တဲ့ ကဝေမ... ကျွန်တော်နဲ့ချစ်သူတွေ မဖြစ်ခင်ကတည်းက သူ့မှာ လက်ထပ်ရမဲ့သူရှိပြီးသား.. အင်တာနက်မှာ ကျွန်တော်နဲ့ ချစ်တယ်ဆိုတာကလည်း သူ့အတွက် အပျင်းပြေဖို့ သက်သက်ပဲ။ ကျွန်တော့်ကို အရုပ်တစ်ရုပ်လို သူသဘောထားခဲ့တယ်။ ကျွန်တော့်ရဲ့ ခံစားချက်ကို သူအမျိုးမျိုး လှည့်စားခဲ့တယ်"

"ရှင် ဘယ်လိုလုပ်သိလိုက်တာလဲ"

"သူနဲ့တွေ့နိုင်ဖို့ ကျွန်တော် အမျိုးမျိုး ကြိုးစားခဲ့တယ်။ အကြိမ်ကြိမ်လည်း တောင်းဆိုခဲ့တယ်။ သူ့ကို မဖြစ်ဖြစ်တဲ့နည်းနဲ့ ကျွန်တော်တွေ့နိုင်အောင် ကြိုးစားမယ်လို့လည်း ပြောခဲ့တယ်။ ထူးထူးဆန်းဆန်းပဲ ကျွန်တော့်ကို သူတွေ့မယ်လို့ ခွင့်ပြုခဲ့တယ်။ သူနဲ့တွေ့ရမဲ့ရက်မှာ ကျွန်တော်စိတ်အရမ်းလှုပ်ရှားခဲ့တယ်။ သူ့ကို တွေ့တာနဲ့ သူမှန်း ကျွန်တော်မှတ်မိနေခဲ့တယ်။ သူအရမ်းလှတယ်။ ဓာတ်ပုံထဲကထက်တောင် လှတယ်"

ကွန်ပျူတာ ဖန်သားပြင်ပေါ်မှ တက်လာသော စာများကို ဖတ်ရင်း ကျွန်မမျက်တောင်ခတ်ဖို့ မေ့နေခဲ့သည်။

"ခင်ဗျားကြည့်ရတာ သက်သာသေးပုံ မပေါ်ဘူး သွားအိပ်လိုက်ပါလား"

"ဟင့်အင်း... ကျွန်မ မေးဖို့ မေးခွန်းတွေ ကျန်နေသေးတယ်" ကျွန်မ ခေါင်းရမ်းရင်း ပြောလိုက်မိသည်။

"ခင်ဗျားရဲ့ လက်ကို ကျွန်တော် ကိုင်နေတယ်... ခံစားလို့ရလား"
မမျှော်လင့်သော စာကြောင်းကြောင့် ကျွန်မယောင်ရမ်းပြီး လက်ကို ကြည့်လိုက်မိသည်။ ကျွန်မ ခံစားလို့ မရခဲ့...သို့သော် နွေးထွေးသော လက်တစ်စုံက ကျွန်မလက်ကို ဆုတ်ကိုင်းထားသည်ဟု ကျွန်မမြင်ယောင်ကြည့်မိသည်။

"ခင်ဗျား ကြည့်ရတာ အားမရှိဘူးဗျာ။ ကျွန်တော် စိုးရိမ်တယ်။ မေးချင်တဲ့ မေးခွန်းတွေ နောက်ညမှ မေးပါလား... အနားယူလိုက်နော်"

စာကြောင်းလေး တစ်ကြောင်းသာဖြစ်ခဲ့သော်လည်း ကြင်နာသော သူ့စကားများကို ကျွန်မခံစားမိသည်။

"ကျွန်မ တစ်ခုမေးပြီးရင် သွားအိပ်မှာပါ"
ကျွန်မ အရဲစွန့်ပြီး ကျွန်မ အသိချင်ဆုံး မေးခွန်းတစ်ခုကို မေးလိုက်မိသည်။
"ဘာဖြစ်လို့ ကျွန်မကိုမှ ရွေးချယ်ခဲ့ရတာလဲ"

"... ကျွန်တော် စောင့်ကြည့်နေတာ ကြာပြီ။ ခင်ဗျားနဲ့ chatting မလုပ်ခင်ကတည်းက ခင်ဗျားအခန်းထဲမှာ ကျွန်တော်ရှိနေခဲ့တယ်"

တစ္ဆေတစ်ကောင် ကျွန်မ အခန်းထဲတွင် အစောကြီးကတည်းက ရှိနေသည်ကို ကျွန်မ မသိခဲ့ပါလား.. ကျွန်မ၏ နေ့စဉ် အပြုအမှုများကို သူစောင့်ကြည့်နေခဲ့ပါလား...။ ထိုသို့ တွေးမိလိုက်စဉ် ကျွန်မပါးနှစ်ဘက် အပူကြောင့် ရှိန်းခနဲ ဖြစ်သွားသည်။

"ဟား...ဟား.. ခင်ဗျား ဘာတွေးနေလဲ ကျွန်တော်သိတယ်။ ကျွန်တော် အဲဒီလောက် အောက်တန်း မကျပါဘူးဗျာ"

ကျွန်မပါးနှစ်ဘက် နီမြန်းသွားသည်ကို ကြည့်ပြီး ကျွန်မ၏အတွေးကို သူသိနေခဲ့သည်။
"တစ်ခြားလူမသိအောင် စောင့်ကြည့်တဲ့ အပြုအမှုတွေဟာ မတရားဘူးဆိုတာ ရှင်မသိဘူးလား"

"တရားတယ်၊ မတရားဘူးဆိုတာ ကျွန်တော် မသိဘူး။ ကျွန်တော်တို့ ၀ိညာဉ်တွေက ဒီလိုပဲ လျှောက်သွားနေတတ်တယ်လေ။ ခင်ဗျားနဲ့ ခင်ပြီးတဲ့နောက်ပိုင်း ကျွန်တော် အချိန်သတ်မှတ်ပြီး လာခဲ့တယ်။ တစ်ချိန်လုံး ကျွန်တော်စောင့်ကြည့် မနေတော့ပါဘူး"

"နေပါဦး..... နေ့လည်အချိန်တွေမှာ ရှင်ဘာလုပ်နေလဲ"

"နေ့လည်.. နေ့လည်ဆိုရင် လေးထောင့်အခန်းထဲမှာ ထားထားတဲ့ ခန္ဓာကိုယ်ထဲ ကျွန်တော်ဝင်နေရတယ်လေ။ ညအချိန်လို လွတ်လွတ်လပ်လပ် ထွက်လာခွင့်မရဘူး"

ကျွန်မ မျက်လုံးများ ပြူးသွားမိသည်။
လေးထောင့်အခန်း......... ခန္ဓာကိုယ်....

"နေ.. နေပါဦး... လူတွေက ရှင့်ကို မသင်္ဂြိုလ်ကြသေးဘူးလား"
"ကျွန်တော်ရဲ့ ခန္ဓာကိုယ်က ဆေးရုံမှာပဲ ရှိနေသေးတယ်။ မေ့မြောနေဆဲမို့ သူတို့က လက်မလွတ်ချင်ကြသေးဘူးနဲ့ တူတယ်"

သူ...သူ... အသက်ရှင်နေဆဲပါလား..။ ၀ိညာဉ်ကသာ လျှောက်သွားနေခြင်းဖြစ်သည်။ ဆေးရုံတွင် လဲလျောင်းနေသော ခန္ဓာကိုယ်မှာ ၀ိညာဉ်မဲ့သော ခန္ဓာကိုယ်ဖြစ်မည်။

"ရှင်ဘာဖြစ်လို့ ကိုယ့်ခန္ဓာကိုယ်ထဲ မပြန်တာလဲ... လူလုပ်ရမှာ တော်တော်စိတ်ကုန်သွားပြီလား"

"ကျွန်တော် ပြန်သွားရင် ခင်ဗျားကို ကျွန်တော် မမြင်ရတော့ဘူး။ ကျွန်တော့်ကို မေ့သွားမှာ စိုးတယ်"

သူ့စကားကို ကြားပြီး ကျွန်မ စိတ်မကောင်းဖြစ်သွားမိသည်။ သူ၏စိတ်ထဲတွင် ကျွန်မ ရှိနေခဲ့ပြီလား... လူသားတစ်ယောက်အနေနှင့် သူ၏ပိုက်ထွေးမှုကို ကျွန်မခံယူချင်သေးသည်။ လူတစ်ဖန်ပြန်လုပ်ဖို့ သူ့မှာ အခွင့်အရေးတွေ ရှိနေသေးသည်။ ကျွန်မကို မြင်နိုင်ဖို့အတွက် ထိုအခွင့်အရေးကို သူ လက်လွတ်တော့မလား။ ကျွန်မ မျက်စိထောင့်စွန်းက မျက်ရည်များ အတားအဆီးမဲ့ စီးကျလာသည်။

"မငို.. မငိုပါနဲ့။ ကျွန်တော် ဘာအမှားများ ပြောမိပါလိမ့် (ကျွန်တော်မျက်ရည်တွေကို သုတ်ဖို့ ကြိုးစားနေတယ်)"

ထိုစာကြောင်းကို ကြည့်ပြီး ကျွန်မ အသံထွက် ရယ်လိုက်မိသည်။ တစ္ဆေတစ်ကောင်က ကျွန်မကို နှစ်သိမ့်နေပါလား..။ စီးကျလာသော မျက်ရည်များကို ကပျာကယာ သုတ်ပေးနေသည့် သူ့ကို ကျွန်မမြင်ယောင်ကြည့်မိသည်။

"ရှင်ရဲ့ ပွေ့ဖက်မှုကို ကျွန်မ ခံယူချင်သေးတယ်။ ဒါပေမဲ့ အခုမဟုတ်သေးဘူး။ တကယ့် လူတစ်ယောက်အဖြင့်နဲ့ ပွေ့ဖက်မှုကို ကျွန်မ ခံယူချင်တယ်"

"ကျွန်တော်ရဲ့ ခန္ဓာကိုယ်ထဲ ပြန်ဝင်ဖို့ ပြောနေတာလား"
"ဟုတ်တယ်"

"၀င်သွားပြီးနောက်ပိုင်း ခင်ဗျားနဲ့ ပတ်သက်သမျှ ကျွန်တော် သတိမရတော့မှာကို မကြောက်ဘူးလား"
"ဒီလိုပဲ ဖြစ်တတ်သလား..ကျွန်မကို မေ့သွားမှာလား" ကျွန်မစိတ်ပူစွာ ပြောလိုက်မိသည်။

"အသေအချာတော့ မသိဘူး။ တစ်ချို့မေ့တတ်တယ်။ တစ်ချို့ မမေ့တတ်ဘူး။ ခံနိုင်ရည်အားကို ကြည့်ရဦးမယ်လေ"

ပြန်သွားပြီး သူ သတိမရခဲ့လို့ ကျွန်မကို လာမရှာနိုင်ချင်နေပါစေ။ ကျွန်မကြောင့် သူသည် ခိုကိုးရာမဲ့ ၀ိညာဉ်တစ်ကောင်တော့ မဖြစ်စေချင်ပါ။

"ပြန်သွားပါ။ ရှင် ကျွန်မကို မမေ့ဘူးလို့ ကျွန်မ ယုံကြည်တယ်။ လူစင်စစ်တစ်ယောက်အဖြင့်နဲ့ ကျွန်မရှေ့မှာ ထိုင်ပြီး ရှင်နဲ့ မေအကြောင်းပြောပြတာကို ကျွန်မ ကြားချင်သေးတယ်"

မျက်စိကိုမှိတ် သူ့ပုံရိပ်ကို မြင်ယောင် ခံစားရင်း ကျွန်မ ပြောလိုက်သည်။

"ခင်ဗျား စကားကို ကျွန်တော် နားထောင်မယ်။ ကျွန်တော့် ခန္ဓာကိုယ်ထဲ ပြန်ဝင်မယ်။ ကျွန်တော့် ပြန်အလာကို စောင့်နေမလား"

"ကျွန်မ စောင့်နေမယ်။ တစ်သက်လုံး စောင့်နေမယ်။ ကျွန်မကို မေ့ခဲ့မယ်ဆိုရင်တောင် ရှင်သတိရပြီး ကျွန်မကို ပြန်မှတ်မိလာတဲ့အထိ စောင့်နေမယ်"

ကျွန်မပြောရင်း ရင်နင့်မိသည်။ မျက်ရည်များက အတားအဆီးမဲ့စွာ စီးဆင်းလာပြန်သည်။ သူ ကျွန်မအနားက ပျောက်ကွယ်သွားတော့မယ်ဆိုတာ ရာခိုင်နှုန်း တစ်ဝက်က သေချာနေပြီ။ ရင်ထဲ စူးနေအောင် နာကျင်လာမိသည်။

"ခင်ဗျားပါးကို ကျွန်တော် နမ်းလိုက်တယ်။ ကိုယ့်ကိုယ် ကောင်းကောင်း ဂရုစိုက်နော်။ ကျွန်တော်သွားပြီ။ ကျွန်တော့်ပြန်အလာကို စောင့်နေပါနော်"

နာရီလက်တံများ တစ်စက္ကန့်ပြီး တစ်စက္ကန့် ရွေ့နေသည်။ ကွန်ပျူတာ ဖန်သားပြင်ပေါ်တွင် သူ၏ စာများ ထပ်ပေါ်မလာတော့။ ကျွန်မ ထိုင်ခုံပေါ်တွင် ထိုင်ရင်း အားရပါးရ ငိုလိုက်မိသည်။ အိပ်မက်ထဲက သူ့ပုံရိပ်ကို စွဲစွဲမြဲမြဲ မှတ်ထားရန် ကိုယ့်ကိုယ် သတိပေးလိုက်မိသည်။ သူသည် အချိန်မရွေး ကျွန်မရှေ့တွင် ပေါ်လာနိုင်သည်။ ထိုအချိန်ရောက်လျှင် အလှပဆုံးပြုံးလျှက် သူ့ကို နွေးထွေးစွာ ကျွန်မကြိုမည်။ သူမလာမှန်း သိနေလျှက်နှင့် ညသန်းခေါင် ၁၂နာရီရောက်တိုင်း ကျွန်မ online ပေါ်သို့ တက်ပြီး သူ့ကိုရှာမြဲ... သူ၏ message များကို မျှော်နေမြဲပင်။ ကျွန်မ၏ အပြုအမှုများသည် စိတ္တဇဆန်ကောင်း ဆန်နေလိမ့်မည်။
၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀
 

ပြက္ခဒိန် စာရွက်များ တစ်ရွက်ပြီးတစ်ရွက် ကြွေကျကုန်သည်။ လူသွားလူလာများကြားတွင် သူ့ကို ကျွန်မ လိုက်ရှာနေမိသည်။ ကျွန်မကိုတွေ့လျှင် ကျွန်မနှင့် ပတ်သက်ခဲ့ဖူးသမျှ သူ မှတ်မိနေမည်ဆိုသည်ကို ကျွန်မ ယုံကြည်နေမိသည်။ ကျောင်းဝင်းထဲရှိ သစ်ရွက်များပင် နွေဦးလေနှင့်အတူ မြူးတူးပျော်ပါးနေကြကုန်ပြီ။ မကြာမီ နွေရာသီ ကျောင်းပိတ်ရက် ရောက်တော့မည်။ လေရှုးတစ်ချက်အဝှေ့ ကျွန်မလက်ထဲက စာရွက်များ ပြန့်ကျဲကုန်သည်။ ထိုစာရွက်စာတမ်းများ မရှိလျှင် စာမေးပွဲတွင် ကျွန်မ ဒုက္ခလှလှလေး တွေ့ဦးမည်။ စာရွက်များကို ကျွန်မ ကပျာကယာ လိုက်ကောက်လိုက်သည်။ ကျွန်မနှင့်အတူ စာရွက်များကို လိုက်ကောက်နေသော အရိပ်တစ်ခုကို တွေ့လိုက်မိသည်။ စာရွက်များကို ကောက်ရင်း ကျွန်မ ဘေးနားတွင် ခြေအစံကို ရပ်လိုက်သည်။

"ကိုယ့်ကိုယ် ကောင်းကောင်း ဂရုစိုက်လေ"

ကျွန်မရင် ဒိန်းခနဲ ခုန်သွားမိသည်။ ခပ်သြသြနှင့် နူးညံ့သော ထိုအသံမှာ ကျွန်မနှင့် မရင်းနှီးပေမယ့် ထိုလူပြောလိုက်သော စကားမှာ midnight ပြောတတ်သော စကားနှင့် တစ်ထပ်တည်း။ ကျွန်မ အထိန့်အလန့် မော့ကြည့်လိုက်မိသည်။

သူ... သူပါလား... အိပ်မက်ထဲက ရုပ်ပုံလွှာလေး... အသားအနည်းငယ် ညိုသည်မှလွဲ၍ ကျွန်မ အသိစိတ်ထဲက ရုပ်ပုံလေး၊ ကျွန်မနှင့် ရင်းနှီးသော ရုပ်ပုံလေး။ ခန္ဓာကိုယ် အနည်းငယ် ဖွံ့ဖြိုးသည်ကလွဲ၍ 
အိပ်မက်ထဲက ရုပ်ပုံနှင့် တစ်ထပ်တည်း။ ကျွန်မရှေ့တွင် သူထိုင်ချလိုက်သည်။

"ဆောရီးပဲနော်.. တော်တော်လေး ကျန်းမာဖို့အတွက် အချိန်ယူနေရလို့ပါ။ လုံးဝ နေကောင်းသွားပြီဆိုမှ ကျွန်တော် လာတွေ့ရဲတယ်လေ"

ကျွန်မ အံ့သြ၀မ်းသာပြီး ဘာပြန်ပြောရမှန်း မသိတော့။ မျက်လုံးအိမ်ထဲတွင် မျက်ရည်များဖြင့် ပြည့်လျှံနေခဲ့သည်။ ကျွန်မကိုယ်ကို ထောင်မတ်ပေးရင်း ကျွန်မမပါးကို ညင်သာစွာ သူပွတ်သပ်လိုက်သည်။

"ကျွန်တော် ထင်တဲ့အတိုင်းပဲ ပါးပြင်တွေက နူးညံ့နေတယ်"
"ကျွန်တော့်ကိုယ့်ကျွန်တော် ပြန်မိတ်ဆက်ပေးပါရစေ"

သူရယ်ရင်း လက်ကို ကမ်းပေးသည်။ ရယ်နေပုံက အပြစ်ကင်းသော ကလေးလေးတစ်ယောက်နှင့် တူနေသည်။

"ကျွန်တော့်နာမည် နေဒွေးဇော်ပါ။ တွေ့ရတာ ၀မ်းသာပါတယ်"
"တွေ့ရတာ ၀မ်းသာပါတယ်။ ကျွန်မ မိဆိုးပါ"

ကျွန်မပြန်ကမ်းလိုက်သော လက်ကို ကြင်နာစွာ သူဆုတ်ကိုင်ထားလိုက်သည်။
"မိဆိုး ကျွန်တော်နဲ့ တစ်သက်လုံး လက်တွဲသွားနိုင်မလား"
ကျွန်မ ခေါင်းကို သွင်သွင်ငုံ့လိုက်မိသည်။

နွေဦး၏ လေရူးနှင့်အတူ ကျွန်မရှေ့သို့ သူရောက်လာခဲ့သည်။ ရွက်ကြွေများ ဖြန့်ခင်းထားသော အ၀ါရောင်လမ်းလေးပေါ်တွင် သူနှင့်ကျွန်မ ပထမဆုံးအကြိမ် တွေ့ဆုံကြသည်
အဖြူရောင်သံစဉ် ရေဒီယို                                                                                                         နတ်ဆိုးလေး